အမေရိကန် ဒေါ်လာဟာ နိုင်ငံကြီးတချို့က ငွေကြေးနဲ့ လဲလှယ်နှုံးမှာ သုံးနှစ်ကာလအတွင်း အနိမ့်ဆုံးအဆင့်ကို တန်ဖိုး ကျဆင်းခဲ့တယ်လို့ စီးပွါးရေး သတင်းတွေက ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ လက်ရှိ ဘဏ္ဍာရေးလိုငွေ အခြေအနေကြောင့် ပိုပြီး ကျလာပုံရတယ်လို့ New York ငွေကြေး အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။ အမေရိကန် အစိုးရအတွက် အသုံးစရိတ်ငွေ ကုန်နေပြီမို့ လွှတ်တော်မှာ ထပ်မံတောင်းခံထားတဲ့ ကိစ္စဟာ သောကြာည သန်းခေါင်အထိ ဆုံးဖြတ်ချက် စောင့်နေကြပါတယ်။ အဲဒီအချိန် ဘတ်ဂျက်ဖြည့်စွက်ပေးတာ မရှိရင် အစိုးရဌာနတွေ အတော်များများ လုပ်ငန်း ရပ်ဆိုင်းသွားဖို့ရှိပါတယ်။
သောကြာနေ့ ညနေပိုင်းမှာ အမေရိကန်တဒေါ်လာကို ဂျပန် ယန်းငွေ ၉၀.၂ ရှိပြီး ယူရိုဒေါ်လာနဲ့ လဲလှယ်နှုံးမှာ ၁.၂၂ ရှိနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ဒေါ်လာ တန်ဘိုးကျ
Reviewed by THITHTOOLWIN
on
08:33
Rating:
