သာကေတတွင် လူသတ်၊ ပစ္စည်းလုယက်မှုဖြစ်

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ၁၂၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက် အမှတ်-၁၆၆(၃)လွှာနေ ဒေါ်သန်းသန်း၊ (၇၇)နှစ် သည် နေအိမ်အခန်းထဲ၌ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ၁ ချက်နှင့် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ အပေါ်နှုတ်ခမ်းပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံး နေကြောင်း သိရပါသည်။


၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၂ ကွင်း၊ နားကပ် ၁ ရံ၊ ပျောက်ဆုံးလျက်ရှိကာ ရွှေလက်ကောက် ၁ကွင်းအား အခင်းဖြစ်ရပ်ရှိ သွေးအိုင်ထဲမှ တွေ့ရှိခဲ့သဖြင့် လူသတ်၊ ပစ္စည်းလုယက်သူ(စိစစ်ဆဲ/ဖမ်းမမိ)အား သာကေတမြို့မရဲစခန်း (ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ (လူသတ်မှု/လုယက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
သာကေတတွင် လူသတ်၊ ပစ္စည်းလုယက်မှုဖြစ် သာကေတတွင် လူသတ်၊ ပစ္စည်းလုယက်မှုဖြစ် Reviewed by THITHTOOLWIN on 13:55 Rating: 5
Powered by Blogger.