နမ့်ဆန်မြို့ နယ်၊ ငွန်ဆိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


နမ့်ဆန်၊ ဇန်န၀ါရီ ၂၄။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက် မဲခရိုင်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လက်ဖက်မြို့တော် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာတွင် ၊ ယနေ့၊ ဇန်န၀ါရီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း နမ့်ဆန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ ဦးရွှေကျိန်းက ယနေ့ နေ့လယ် ၂း၅၀ တွင် AHN သို့ပြောသည်။

“ နမ့်ဆန်မြို့ အရှေ့မြောက်ဘက်၊ နမ့်ဆန်ဆေးရုံနဲ့ နီးတဲ့ ငွန်ဆိုင်းကျေးရွာမှာ မီးလောင်တာပါ။ နေအိမ် ခြောက်လုံးမီးထဲပါသွားတယ်လို့သိရပါတယ်။ ထိခိုက်သေဆုံးတာ မရှိပါဘူး။ မီးကိုထိန်းနိုင်ပါပြီ၊ မီးကြွင်း မီးကျန်တွေကို မီးသတ် တပ်ဖွဲ့ က ဆက်လက် ငြိမ်းသတ်နေပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ ကျွန်တော်လည်း အခုပဲ မီး ကူညီငြိမ်းပြီး ပြန်လာတာပါ “ ဟု ၄င်းကပြောသည်။

နွယ်နီ
PHPTO- KO MAN GYI
The Asia Heart News
နမ့်ဆန်မြို့ နယ်၊ ငွန်ဆိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  နမ့်ဆန်မြို့ နယ်၊ ငွန်ဆိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.