မုန့်ကြော်စားရာမှ အဆိပ်သင့်ပြီး လူ ၄ ဦးသေဆုံး၊ ၆ ဦး ဆေးကုသခံနေရ

မုန့်ကြော်စားရာမှအဆိပ်သင့်ပြီး မိုင်ဂျာယန် ကွမ်ကောင်ရွာမှ လူ ၄ ဦးသေဆုံး၊ ၆ ဦး တရုတ်ပြည်ဆေးရုံတွင် ဆေးကုသခံနေရ။ ။ Photo - Ah Hkawn (fb)
ကချင်ပြည်နယ် မိုင်ဂျာယန်မှ ၃နာရီခန့်သွားရသော အင်ခေါင်းပါစစ်ဘေးဒုက္ခသည်စခန်းအနီးမှ ကွမ်ကောင်ကျေးရွာတွင် ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ကောက်ညှင်းမှုန့်ဖြင့် မုန့်ကြော်စားပြီးနောက် အဆိပ်သင့်၍ လူ(၄)ယောက်သေဆုံးပြီး (၆)ဦး ဆေးကုသနေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန့်ကြော်စားစဉ် ကောက်ညှင်းမှုန့်နှင့်တူသည့် ပေါင်းသတ်ဆေးမှုန့်ကို ရောထည့်မိသောကြောင့် အဆိပ်သင့်ပြီး သေဆုံးခြင်းဖြစ်သည်ဟု ယူဆရကြောင်း မိုင်ဂျာယန်ဆေးရုံမှ ဒေါက်တာဘရန်အောင်က ဆိုသည်။

၂၀၁၈ ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင် ကြော်စားပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်ပြီး ၄ယောက်သည် တစ်ခါတည်း သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ကျန် ၆ဦးကိုလည်း တရုတ်ပြည် ဂျန်ဟုန်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း မိုင်ဂျာယန်ဆေးရုံမှ ဒေါက်တာဘရန်အောင်ကဆိုသည်။

သေဆုံးသူ ၄ယောက်သည် ကလေးငယ်နှစ်ဦးနှင့် အသက် ၅၀ခန့်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့ ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျန်တဲ့သူတွေလည်း ကလီစာတွေမှာ အကုန်ဝင်သွားတော့ အဆိပ်အကုန်စုပ်ထုတ်ဖို့တော့ မဖြစ်နိုင်တော့ဘူး။ ကလီစာတွေလည်း ပျက်ကုန်ပြီ။"ဟု ဒေါက်တာဘရန်အောင်ကဆိုသည်။

တရုတ်ပြည်တွင်ဆေးကုနေသည့် ၆ဦးတွင် ကိုယ်ဝန် ၈လလွယ်ထားသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ ကလေးနှစ်ဦးနှင့် ကျန်သုံးဦးမှာ အသက်ကြီးသူများဖြစ်ကြောင်း သိရသည်။

Kachinwaves
https://www.facebook.com/kachinwavesnews/
မုန့်ကြော်စားရာမှ အဆိပ်သင့်ပြီး လူ ၄ ဦးသေဆုံး၊ ၆ ဦး ဆေးကုသခံနေရ မုန့်ကြော်စားရာမှ အဆိပ်သင့်ပြီး လူ ၄ ဦးသေဆုံး၊ ၆ ဦး ဆေးကုသခံနေရ Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.