ရေတာရှည် ဇန်နဝါရီ ၁၉ရက်
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ တုံးခေါင်းကျေးရွာနှင့် ဒေ၀သာစည်ကွက်သစ် အကြား ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် (၂၀၅/၅) နှင့် (၆) အကြားတွင် ဇန်နဝါရီ ၁၉ရက် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်နှစ်စီး အရှိန်လွန်တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ တာဝန်မှူး ရဲအုပ် စိန်သောင်းဦးစီးသော အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ ကျော်မင်း(၄၂)နှစ်၊ အမှတ်(၁) ရေအိုးစင်ရပ်ကွက် ချောက်မြို့ မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော (၁၂)ဘီး 9K/xxxx ယာဉ်သည် အခင်းဖြစ်သည့်နေရာအရောက် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ပြည့်ဖြိုးအောင် (၂၇)နှစ် ဖိုးချစ်ကုန်းရပ်ကွက် မိုးကောင်းမြို့နေသူ မောင်းနှင်လာသည့် (၂၂)ဘီး 1M/xxxx ယာဉ်၏ ဝဲဘက်ခြမ်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းကြောင့် ယာဉ်မောင်းကျော်မင်းအား သာဂရနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရေတာရှည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်နှစ်စီး အရှိန်လွန်တိုက်မိ
Reviewed by THITHTOOLWIN
on
17:26
Rating:
