![]() |
တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်/ Photo: Dawei Watch |
ဒီနေ့ ထားဝယ်မြို့ နယ်တရားရုံးမှာ ပထမဆုံးဆင့်ခေါ်တာကို သွားရောက်ခဲ့တဲ့ အခြေအနေကို တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် က ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ ကလောင်အမည် မူးယစ်ဆေးအိုးရေးသားတဲ့ "မဲဆွယ် အပြုံး" သရော်စာပါ ရေးသားချက်တွေဟာ ဝန်ကြီးချုပ်ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စာသားတွေ ပါရှိတာကြောင့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ညွှန်ကြားချက်နဲ့ အစိုးရအဖွဲ့က မီဒီယာဥပဒေနဲ့ တရားစွဲဆို တာဖြစ်ပါတယ်။
ဒုတိယရုံးချိန်းကိုတော့ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် မေလတုန်းကလည်း တနင်္သာရီဂျာနယ်မှာ ကံပေါက်သားအောင်လွင် ရေးသားတဲ့ "ငါးရံ့တစ်ကောင် ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးပါ စာသားတချို့ဟာ ဒယ်ကိုကုမ္ပဏီကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ဆိုပြီး ရေဖြူ တရားရုံးမှာ တရားစွဲဆိုခံရဖူးပါတယ်။
RFA Burmese
http://www.rfa.org/burmese
တနင်္သာရီဂျာနယ်အမှု အာမခံရရှိ
Reviewed by THITHTOOLWIN
on
18:31
Rating:
