တရားမဝင်​ ​ကျောက်​စိမ်းရိုင်း​တုံး (၆၈၃)တုံး ဖမ်းဆီးရမိ


ကာမိုင်း ဇန်န၀ါရီ ၁၁

ဇန်န၀ါရီ ၁၀ ရက် ည​နေ ၄း၃၀အချိန်​တွင် ကချင်ပြည်နယ် ကာမိုင်းမြို့၊ ကပ်​​မှော်​ဇွပ်​​ကျေးရွာ အုပ်​စု၊ နန့်​တိန်းအ​ခြေပြု ရတခလရ(၂၅၅)မှ (ဗ)​အောင်​​ဇော်​လင်း ဦးစီးအဖွဲ့သည်​ နန့်​တိန်းစစ်​​ဆေး​ရေးဂိတ်​တွင်​ ယာဉ်​စစ်​​ဆေး​ရေးတာဝန်​ထမ်း​ ဆောင်​​နေစဉ်​ တရားမဝင်​ ​ကျောက်​စိမ်းရိုင်း​တုံး (၆၈၃)တုံး ဖမ်းဆီးရမိကြောင်း သိရပါသည်။

 ဖားကန့်​မှ မြစ်​ကြီးနားသို့ ယာဉ်​​မောင်းနှင်​လာ​သော သိုက်​ထွန်း အသက်​(၃၉)နှစ်​ (အဖ)ဦး​အေး​မောင်​၊ ၁/ဗမန(နိုင်​) ၀၆၁၇၃၆၊ ​အောင်​ပြည်​သာရပ်​ကွက်​ ဗန်းမော်​မြို့​​နေသူ​မောင်းနှင်​လာသည့်​ ယာဉ်​အမှတ်​၊ ၃က/၃၂၅၇ တုန်​ဖုန်း အမျိုးအစား အပြာ​ရောင်​ယာဉ်​အား ရပ်​တန့်​စစ်​​ဆေးရာ ၎င်းယာဉ်​​ပေါ်တွင်​ သံ​ချေးတက်​​နေ​သော ​ပေပါခွံ အ​ဟောင်းများဖြင့် ဖုံးအုပ်​လျှက်​ အဝါ​ရောင်​ပီနံအိတ်​များဖြင့်​ထည့်၍ သယ်​​ဆောင်​လာသည့်​​ ကျောက်​စိမ်းရိုင်း တုံးများဟု ယူဆရ​သော ​ကျောက်​စိမ်းရိုင်းတုံးအရွယ်​စုံ (၆၈၃)တုံး စုစု​ပေါင်းအ​လေးချိန်​ (၁၅၆၀)ကီလိုဂရမ်​ခန့်​အား ရှာ​ဖွေ​တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်​လက်​၍ တရားမဝင်​​ကျောက်​စိမ်းရိုင်းတုံးများ သယ်​​ဆောင်​လာ​သောတရားခံ သိုက်​ထွန်းအား နမစ(ကာမိုင်း)၌ အမှု​ရေးဖွင့်​​ ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။

ကာမိုင်း ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တရားမဝင်​ ​ကျောက်​စိမ်းရိုင်း​တုံး (၆၈၃)တုံး ဖမ်းဆီးရမိ တရားမဝင်​ ​ကျောက်​စိမ်းရိုင်း​တုံး (၆၈၃)တုံး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:23 Rating: 5
Powered by Blogger.