မိုးကုတ်တွင် ဆေးကြောင်ပြီး အိမ်မီးရှို့သူကို အရေးယူ


ဇန်နဝါရီ ၁၈ ။

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေပူကျေးရွာ အုပ်စု အုန်းကိုင်းရွာသစ်ရပ် ဘုန်းကြီးကျောင်းအနီးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီကျော်က မူးယစ်ဆေးဝါး သုံးစွဲထားသူတစ်ဦးမှ ဆေးကြောင်ပြီး နေအိမ်မီးရှို့မှုကို ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည် ။

မီးရှို့သူ အောင်စိုးသည် နေအိမ်အပေါ်ထပ်တွင် အဝတ်အထည်များကို မီးရှို့ရာမှ နေအိမ်ထရံများ မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ ရပြီး နောက် နေအိမ်အောက်ထပ်သို့ဆင်း၍ ထပ်မံ မီးရှို့ မည်ဟု ပြောသဖြင့် ရပ်ကွက်နေဒေသခံများက ဝိုင်းဝန်းဖမ်းစီးရာ အောင်စိုးက အရိုးအသွား (၁၃) လက်မရှိ ဓါးဦးချွန်ဖြင့် ရန်ပြုခဲ့သည့်အတွက် လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည် ။

`မိုးကုတ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများလာတယ်၊ မူးယစ်ဆေးဝါးတွေလည်း ခဏခဏ ဖမ်းမိတယ်၊ အဓိက ပန်းရောင်စိတ်ကြွဆေးဝါးတွေ ရှမ်းမြောက်ကနေ တစ်ဆင့်ဝင်နေတယ်' ဟု ဒေသခံတစ်ဦးက ပြောသည် ။


သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ၄င်း နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် ဓါး ၊ လှံတို့ကို သိမ်းဆည်းရမိခဲ့သည် ။

ကျူးလွန်သူ အောင်စိုးအား မိုးကုတ်မြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးရေး ဥပဒေ မိုးကုတ်မြို့မ ရဲစခန်း တွင် (ပ)၁၃/၂၀၁၈ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားသည် ။

ဓါတ်ပုံ - (facebook)
Mandalay News
https://www.facebook.com/lin.aung.777
မိုးကုတ်တွင် ဆေးကြောင်ပြီး အိမ်မီးရှို့သူကို အရေးယူ မိုးကုတ်တွင် ဆေးကြောင်ပြီး အိမ်မီးရှို့သူကို အရေးယူ Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.