လူသတ်အလောင်းဖျောက်ဖျက်ထားမှုအား ဆွေမျိုးတော်စပ်သူက တိုင်ကြားသဖြင့် အလောင်းဖော်၍စစ်ဆေးရာမှ တရားမဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


မိုးကောင်း ဇန်နဝါရီ ၇

ကချင်ပြည်နယ် မိုးကောင်းမြို့ နယ် မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်းကျေးရွာ ရော်ဘာခြံ တွင် လူသတ်၍ အလောင်းဖျောက် ဖျက်ထားရှိမှုအား ဆွေမျိုးတော်စပ် သူက လာရောက်တိုင်ကြားသဖြင့် သက်ဆိုင်ရာက အလောင်းအားဖော်ထုတ် စစ်ဆေးရာမှ ဇန်န၀ါရီလ ၇ ရက်နေ့ ယနေ့ နေ့လယ်တွင် လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီး တရားမဝင်လက်နက်ခဲ ယမ်းများပါ သိမ်းဆည်းရမိခဲ့မှုဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်က မိုးကောင်းမြို့နယ် မန်ရွက်ကျေး ရွာအုပ်စု မီးသွေးကုန်းကျေးရွာရှိ ရော်ဘာခြံလုပ်သားအဖြစ်လုပ်ကိုင် သူ ဇော်မိုးအေး(ခ)လွမ်းအေး (၃၆ နှစ်)မှာ ရုတ်တရက် သေဆုံးသွား သည့်အတွက် ရော်ဘာခြံမှတာဝန်ခံ နှင့်လုပ်သားများက မြှုပ်နှံသဂြုင်္ိဟ် ခဲ့ပြီး ယခုလ၄ရက်တွင် ဇော်မိုး အေး(ခ)လွမ်းအေး(၃၆နှစ်) ၏ ဆွေးမျိုးမိသားစုက ၄င်းသေဆုံး ရခြင်းမှာ သွေးရိုးသားရိုးဖြစ်စဉ် မဟုတ်သဖြင့် တာဝန်ရှိသူများက ဖော်ထုတ်စစ်ဆေးပေးပါရန် မိုး ကောင်းမြို့မရဲတပ်ဖွဲ့စခန်းသို့ တင် ပြခဲ့မှုကြောင့် မိုးကောင်းမြို့မရဲတပ် ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ် စဉ်(၁/၂ဝ၁၈)အရ အမှုဖွင့်လှစ်၍ ဇန်န၀ါရီလ ၅ရက်တွင် မိုးကောင်း မြို့မရဲတပ်ဖွဲ့စခန်းမှူး၊ မြို့နယ် တရားသူကြီးနှင့်တာဝန်ရှိသူများက အလောင်းအားတူးဖော်၍ မိုး ကောင်းမြို့ ပြည်သူ့ဆေးရုံမှ လက် ထောက်ဆရာဝန် ဒေါက်တာကျော် ဝင်းအောင်က ဇန်န၀ါရီလ ၆ရက်တွင် ရင်ခွဲစစ်ဆေးမှုပြုလုပ်ရာ သေဆုံး သူတွင် ညာဘက်နံရိုးသုံးချောင်း ကျိုး၊ အသည်းအောက်ပိုင်းတွင် နှစ်လက်မခန့် စုတ်ပြဲဒဏ်ရာရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်မိုးကောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ(ပ) ၅/၂ဝ၁၈၊ အမှုကြီးအမှတ်စဉ်(၁/၂ဝ၁၈) ပြစ်မှုပုဒ်မ ၃ဝ၂/၂ဝ၁ဖြင့် ဖွင့်လှစ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ သည်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု များ အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ခဲ့ရာတွင် သေဆုံးသူနှင့် ရော် ဘာခြံပိုင်ရှင် သန်းထွန်းဝင်း(၄၇ နှစ်)၏ တူတော်စပ်သူ ဝဏ္ဏဖြိုး (ထွက်ပြေးတိမ်းရှောင်)တို့ အရက် အတူသောက်စားရာမှ စကားများ ရန်ဖြစ်သဖြင့် သန်းထွန်းဝင်းနှင့် တူတော်စပ်သူတို့က ရိုက်နှက်ရာမှ လက်လွန်ပြီးသေဆုံးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ရဲလုပ်ထုံး လုပ်နည်းနှင့်အညီသက်သေခံပစ္စည်း များအား ရှာဖွေသိမ်းဆည်းမှုများ ဆောင်ရွက်ရာ ရော်ဘာခြံအတွင်း ရှိ ရေတွင်းပျက်အတွင်းမှ အရှည် သုံးပေခြောက်လက်မရှိ လုပ်သေ နတ် တစ်လက်၊ ၇ ဒသမ ၆၂ ကျည်ခြောက်တောင့်၊ ရိုက်နှက် အသုံးပြုခဲ့သည့် ဝါးတုတ်နှစ် ချောင်းနှင့် ကော်ပိုက်အတို တစ် ချောင်း၊ ကြိုးနှစ်ချောင်း၊ ဖိနပ် တစ်ရန်တို့ကို သိမ်းဆည်း၍ သန်းထွန်းဝင်း(၄၇နှစ်)အား မိုး ကောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ (ပ) ၆/၂ဝ၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ ထပ်မံအမှုဖွင့်လှစ် အရေးယူထားရှိကာ ထွက်ပြေး တိမ်းရှောင်နေသူ ဝဏ္ဏဖြိုး(၃၅နှစ်) ကို ဇန်န၀ါရီလ ၇ ရက်နေ့ ယနေ့ နေ့လယ်တွင် ဖမ်းဆီး ရမိကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
လူသတ်အလောင်းဖျောက်ဖျက်ထားမှုအား ဆွေမျိုးတော်စပ်သူက တိုင်ကြားသဖြင့် အလောင်းဖော်၍စစ်ဆေးရာမှ တရားမဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ လူသတ်အလောင်းဖျောက်ဖျက်ထားမှုအား ဆွေမျိုးတော်စပ်သူက တိုင်ကြားသဖြင့် အလောင်းဖော်၍စစ်ဆေးရာမှ တရားမဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.