လင်မယားချင်းကွဲသည့်ကိစ္စဖြင့် မြက်သတ်ဆေးသောက်၍ သေဆုံး


နေပြည်တော်၊ ဇန်နဝါရီ ၃

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပိုးသတ်ဆေးသောက်၍ ဆေးကု သမှုခံယူနေသူ အမျိုးသမီးတစ်ဦး ပဲခူးဆေးရုံတွင် သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ အမှုအား သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ ပွဲတမော့ကျေးရွာနေ မဇင်မာဝင်း(၂၂)နှစ်သည် လင်မယားချင်း ကွဲခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စိတ်ထိခိုက်ရာမှ “ရာကည” မြက်သတ်ဆေးသောက်၍ သေဆုံး သွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

အဆိုပါ အမှုအား ဖောင်တော်သီနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လင်မယားချင်းကွဲသည့်ကိစ္စဖြင့် မြက်သတ်ဆေးသောက်၍ သေဆုံး လင်မယားချင်းကွဲသည့်ကိစ္စဖြင့် မြက်သတ်ဆေးသောက်၍ သေဆုံး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.