အာကာသထဲက ရေဒီယိုလှုပ်ရှားမှု ဂြိုဟ်သားတွေ အချက်ပြတာမဟုတ်

ဆန်းပြား လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှု အရင်းအမြစ်ကို ရှာဖွေ ရှင်းပြနိုင်ပြီ
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က တွေ့ရှိခဲ့တဲ့ အာကာသထဲက ဆန်းပြား လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှု အရင်းအမြစ်ကို ရှာဖွေ ရှင်းပြနိုင်ပြီလို့ နိုင်ငံတကာ နက္ခတ္တဗေဒ ပညာရှင်တွေက ထုတ်ပြန်ပါတယ်။

ဒီရေဒီယိုလှုပ်ရှားမှုကို တခြား ဂြိုဟ်သားတွေဆီက အချက်ပေးတာလို့ အရင်က လေ့လာသူ အများစု ယူဆခဲ့ကြပြီး ဒါဟာ နက္ခတ္တဗေဒ ပညာရပ်မှာ ပဟေဋ္ဌိတခုလို ဖြစ်ခဲ့တာပါ။

ထူးခြားတဲ့ ဒီထုတ်လွှင့်မှုဖြစ်ရတာဟာ အားပြင်းတဲ့ သံလိုက်စက်ကွင်းနဲ့ ကြယ်ကြွေတာကနေ အခြေတည် ဖြစ်လာတာလို့ အမေရိကန် နက္ခတ္တဗေဒဆိုင်ရာ အဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

နက္ခတ္တဗေဒလောကမှာ သိုလောသိုလော ဖြစ်နေတဲ့ အရာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားတာကြောင့် ဒီတွေ့ရှိမှုကို နက္ခတ္တဗေဒ လေ့လာသူတွေက ချီးကျူးခဲ့ကြပါတယ်။

ဒီအချက်ပြတဲ့ ဖြစ်စဉ်ဟာ ကမ္ဘာမြေကို ရောက်ဖို့ အလင်းနှစ် ၃ ဘီလီယံ အကွာအဝေးကို ဖြတ်သန်းခဲ့ရတာပါ။

လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှုကို ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ နက္ခဗေဒပညာရှင်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ