ကလေးမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ် မုံရွာ-ရေဦးလမ်းတွင် လမ်းဘေးသစ်ပင်ဝင်တိုက်


မုံရွာ၊ ဇန်နဝါရီ ၁၈။

ကလေးမြို့သို့သွားရောက်မည့် မုံရွာ-ကလေး လိုင်း အောင်ကမ္ဘာမှန်လုံယာဉ်သည် ဇန်န၀ါရီလ ၁၈ ရက်နေ့  ယနေ့ နံနက် ၁၁နာရီကျော်က မုံရွာ-ရေဦးလမ်း ဒီပဲယင်းမြို့အ၀င် ကြည်ရွာအနီးလမ်းဘေး ကုက္ကိုပင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


"သစ်ပင်ဝင်တိုက်မှုကြောင့် ကားမှာ ရှေ့ပိုင်းနှင့်အမိုးများ စုတ်ပြတ်သွားတယ်၊ ယာဉ်မောင်းအပါအ၀င် ခရီးသည် ၆ ဦး ဒီပဲယင်းဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း ၊ ဒရိုင်ဘာက ချောင်းဆိုးရင်း ချောင်းဆိုးရင် သတိလစ် ပြီး စီယာတိုင်ရမ်းရာကနေ သစ်ပင် ၀င်အောင်းမိတာလို့ သိရပါတယ်၊ အခု စခန်းမှာ အမှုဖွင့်ထားတယ်၊ သူလည်း ဆေးကုသမှုခံနေရတယ်၊ ကျန်တဲ့ခရီးသည်တွေလည်း မစိုးရိမ်ရပါဘူး '' ဟု ဒီပဲယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒဏ်ရာရသူများမှာ ဘုတလင်မြို့မှ ကလေးမြို့ စိန့်မေရီ အာစရိယပူဇော်ပွဲသွားမည့် အငြိမ်းစားကျောင်းဆရာ ဦးတင့်ဆွေ၊ဦးမြင့်ဆွေ၊ ကျောင်းကပွဲအတွက် မုံရွာတွင်ဈေးဝယ်ပြီးပြန်လာသော မင်းကင်းမြို့နယ်၊သင်းဝရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်၊ တဲကြီးရွာအလယ်တန်းဆရာ ဦးမောင်လွင်၊မင်းကင်းမြို့မှ ၀န်ထမ်း ဒေါ်နန်းကျော့ခိုင်တို့ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-နှင်းမောင်
နှင်းမောင် (မုံရွာ)
Central News Myanmar
https://www.facebook.com/CNMyanmar
ကလေးမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ် မုံရွာ-ရေဦးလမ်းတွင် လမ်းဘေးသစ်ပင်ဝင်တိုက် ကလေးမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ် မုံရွာ-ရေဦးလမ်းတွင် လမ်းဘေးသစ်ပင်ဝင်တိုက် Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.