ချင်းပြည်နယ် မင်းတပ်မြို့၌ အိမ်မီးလောင်မှုဖြစ်ပွား


မင်းတပ် ဇန်နဝါရီ ၁၉

မင်းတပ်မြို့၊ စံပြရပ်ကွက်၊ ကွက်စိပ်အမှတ် (၉) အိမ်ပိုင်ရှင် ဦးကီးဟာရှိန်း၏ အိမ် အလျား ၁၈ ပေ×အနံ ၁၂ ပေ× အမြင့် ၇ ပေ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအား ဦးမာန်ထန်း (၃၀) နှစ် (ဘ) ဦးနိန်နိုင်း၊ နိုင်ငံသား မှတ်ပုံတင်အမှတ် ၄/မတန(နိုင်) ၀၂၃၉၆၃ လက်ရှိအိမ်ငှားရမ်းနေထိုင်သူ၏ အိမ်မှ ဇန်န၀ါရီလ ၁၉ ရက်နေ့  ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းတပ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့များရောက်ရှိ၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးငြှိမ်းသတ်နိုင်ခဲ့သည်။

နေအိမ်မီးလောင်မှုကြောင့် ကျား (၂) ဦး၊ မ (၃) ဦးပေါင်း (၅) ဦး မီးဘေးသင့်ခဲ့သဖြင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဦးမာန်ထန်းအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချင်းပြည်နယ် မင်းတပ်မြို့၌ အိမ်မီးလောင်မှုဖြစ်ပွား ချင်းပြည်နယ် မင်းတပ်မြို့၌ အိမ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.