လာအိုနိုင်ငံကနေ ခိုးသွင်းလာတဲ့ လက်ဖက်ခြောက်ထုတ်တွေထဲကနေ အမေရိကန်ဒေါ်လာ ၃ သန်းဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက ပြောပါတယ်။
ဗီယက်နမ်ဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံအကြားရှိတဲ့ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးကုန်ကူးမှုတွေမှာ အဓိကကြားခံနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဒုတိယမြောက် အများဆုံး ထုတ်လုပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်ထုတ်တွေထဲမှာ သိုဝှက်ထည့်သွင်းထားတဲ့ ဘိန်းဖြူ ၃၇၅ ပေါင်ခန့်ကို အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးတို့က မော်တော်ဆိုင်ကယ် နောက်ခုံမှာ တင်ဆောင်သယ်ယူလာစဉ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို တောင်ထူထပ်တဲ့ နိုင်ငံရဲ့မြောက်ပိုင်း ဒင်ဘင်း (Dien Bien) ပြည်နယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေထုတ်ပြန်ထားပြီး၊ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်အပြစ်ပေးလေ့ရှိပါတယ်။
Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
ဗီယက်နမ်မှာ ဒေါ်လာ ၃ သန်းဖိုး ဘိန်းဖြူတွေ ဖမ်းမိ
Reviewed by THITHTOOLWIN
on
21:33
Rating:
