မြေငူကျွန်း (ဆံတော်ရှင်ကျွန်း) ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးအား သ​င်္ဘောတစ်​စီး၏ ဝင်​တိုက်​မှု​ကြောင့် လူ​သေဆုံးမှုဖြစ်​ပွား

Photo ။  ။ စက်​​လှေနစ်​မြုပ်​မှု​ကြောင့်​ ဒဏ်​ရာရှိကာ ​ဆေးကုသမှုခံယူ​နေသူ
ရခိုင်ဂေဇက်၊ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း(ဆံတော်ရှင်ကျွန်း)၊ ပြိုင်းတောင်ကျေးရွာမှ ငါးဖမ်းလှေတစ်စီးသည် ဇန်နဝါရီ (၁၄) ရက်​​နေ့၊ နေ့လည်​ ၁နာရီ ၄၅ အချိန်ခန့်၌ ပင်လယ်ပြင်ကို ငါးဖမ်းထွက်နေစဉ် ကုန်သင်္ဘောတစ်စီးမှ ငါးဖမ်းလှေအားဝင်တိုက်​ရာမှ ငါးဖမ်းစက်​​လှေ ပျက်​စီးကာ လူ​သေဆုံးမှု ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

"ငါးဖမ်းလှေက သင်္ဘောနင်းလို့ နှစ်ပိုင်းပိုင်းသွားခဲ့ပါတယ်။ လှေပေါ်မှာ လူစုစုပေါင်းက (၂၄)ဦးပါပါတယ်။ အဲ့ဒီထဲက (၂)ဦးကတော့ အလောင်းကိုရှာတွေ့ထားပါပြီ။ (၃)ဦးကပျောက် နေတာမတွေ့သေးပါဘူး။ လှေပိုင်ရှင်ဖြစ်တဲ့ ဦးလှရွှေသန်းကတော့ ခြေထောက်ဒဏ်ရာ အပြင်းထန်ရရှိ
သွားပါတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာအနည်း ငယ်ရရှိသွားပါတယ်။ ˝ ဟု လှေပိုင်ရှင်နှင့် ငါးလုပ်ငန်းလုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဦးမောင်သန်းလှိုင်မှ ရခိုင်ဂေဇက် သို့ ပြောသည်။

အဆိုပါလှေအား တက်နင်းခဲ့သည့် သင်္ဘောမှာ ကုန်တင်သင်္ဘောဖြစ်ပြီး သင်္ဘော၏အမည်ကို မမှတ်မိလိုက်ကြောင်း ကို အသက်ရှင်၍ ပြန်လာသူများထံမှသိရသည်။

ယင်းသေင်္ဘောတွင် ပဲ့ကိုင်သူမှာ အိပ်ငိုက်ပြီး ၄င်းတို့ လှေကို ဝင်နင်းမိခဲ့ခြင်းဖြစ်​နိုင်​ကြောင်း ဒဏ်ရာရရှိကာ စစ်​​တွေ​ဆေးရုံသို့ ​လာ​ရောက်​ကုသမှုခံယူ​နေသူ တစ်​ချို့ထံမှသိရသည်။

အဆိုပါဖြစ်​စဉ်​​ကြောင့်​​သေဆုံးသွားသူမှာ ယာတိုက်ကျေးရွာနေ ဦးအောင်စိန်မြ အသက် (၅၀)ကျော် ဖြစ်ပြီး ကျန်တစ်ဦးမှာ ပြိုင်းတောင်ကျေးရွာနေ ဦးခင်မောင်ဦး အသက် (၃၀)ကျော်ဖြစ်ပြီး ဦးအောင်စိန်မြ၏ အလောင်းကို လှေနစ်ပြီး ခဏအကြာတွင်​ ဆယ်​ယူရှိခဲ့ပြီး ဦးခင်မောင်ဦး၏အလောင်းကို လှေနစ်ပြီး မိုးလင်းမှ ရကြောင်း ဦးမောင်သန်းလှိုင်မှ ဆိုသည်။

ယခုလက်​ရှိ ငါးဖမ်းစက်​လှေပိုင်ရှင် ဦးလှသန်းရွှေမှာ စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး အဆိုပါသင်္ဘောအားလောလော ဆယ်တွင် သက်ဆိုင်ရာကိုတိုင်ကြားထားခြင်း
မရှိသေးဟု ဦးလှသန်းရွှေ၏ မိသားစုဝင်တစ်ဦးမှ ပြောသည်။

ငါးဖမ်းစက်​​လှေ နစ်​မြုပ်​မှု​ကြောင့် ယခုလက်​ရှိနှစ်ဦး​သေဆုံးကာ ​ပျောက်​ဆုံး​နေသူ သုံးဦးအားယခုအထိ ရှာ​ဖွေမရရှိ​သေး​ကြောင်း သိရသည်​။

ဆောင်းဇာခြည်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မြေငူကျွန်း (ဆံတော်ရှင်ကျွန်း) ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးအား သ​င်္ဘောတစ်​စီး၏ ဝင်​တိုက်​မှု​ကြောင့် လူ​သေဆုံးမှုဖြစ်​ပွား မြေငူကျွန်း (ဆံတော်ရှင်ကျွန်း) ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးအား သ​င်္ဘောတစ်​စီး၏ ဝင်​တိုက်​မှု​ကြောင့် လူ​သေဆုံးမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.