ကားနှစ်စီးကြားညှပ် တိုက်မိခံရ၍ သေဆုံးမှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွှာမှာ ဇန်နဝါရီ(၁၂)ရက် မွန်းလွဲ(၂)နာရီခွဲခန့်က အမျိုးသားတစ်ဦးကားညှပ်တိုက်မိလို့ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 ဖြစ်စဉ်မှာရွှေကျင် ကျောက်ကြီးကားလမ်းအတိုင်းမြောက်ဘက်ကနေ တောင်ဘက်ကို ခေါင်းတည်ရပ်ထားပြီး ရော်ဘာထင်းတွေ တင်ဆောင်ထားတဲ့ (၁၄)ဘီးယာဉ်ဟာ ထွက်ခွာဖို့ယာဉ်မောင်းက ကားဂျမ်းတုံးတွေကို ဖြုတ်လိုက်ရာမှာ ကားဟာ ရှေ့ကိုလှိမ့်ဆင်းသွားတဲ့အတွက် ဂျမ်းတုံးလိုက်လံခုနေရင်းနဲ့ ကားလမ်းဘေးမျက်နှာချင်းဆိုင်မှာ ကားပျက်လို့ ရပ်ထားတဲ့ (၁၄)ဘီးယာဉ်နဲ့ ညှပ်မိသေဆုံးခဲ့တာဖြစ်ပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်းကို ရွှေကျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ (၃၀၄) ကနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဇော်မျိုး(ရွှေကျင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကားနှစ်စီးကြားညှပ် တိုက်မိခံရ၍ သေဆုံးမှု ဖြစ်ပွား ကားနှစ်စီးကြားညှပ် တိုက်မိခံရ၍ သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.