ကျိုက်ထိုမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိ


၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ၀၇၅၅ အချိန်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်(၁၁၂/၅)၌ ချစ်အေး၊ (၂၆)နှစ် မောင်းနှင်ပြီး နောက်မှ ဉူးဝိလာသ၊ (၆၀)နှစ်၊ ၄၀ ဝါ ပျဉ်းမစခန်းကျေးရွာဘုန်းကြီး ကျောင်းနေသူ လိုက်ပါလာသည့် ဆိုင်ကယ်သည် အချက်ပြမီး ပြလျက် တစ်ဘက်ယာဉ်ကြောသို့ ကွေ့စဉ် လားရာတူနောက်မှ တေဇာလင်းဦး၊ (၃၃)နှစ် မောင်းနှင်သည့် 5H-×××× Ford Ranger ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ပါသည်။

 ယာဉ်တိုက်မှုကြောင့် ဉူးဝိလာသနှင့် ချစ်အေးတို့ တွင် နဖူး/ဝဲချိုစောင်း/ခြေသလုံး/ယာလက် ပွန်းပဲ့ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ၀၈၃၀ အချိန်တွင် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် ဉူးဝိလာသမှာ လမ်း၌သေဆုံးသွားခဲ့သဖြင့် တေဇာလင်းဦး (ဖမ်းမိ)အား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄-က(ယာဉ်မဆင်မခြင် မောင်းနှင်မှု/ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု/လူသေစေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကျိုက်ထိုမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိ ကျိုက်ထိုမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.