သန်လျင်၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တံဆိပ်ပါ ရဲအယောင်ဆောင် သူအား ဖမ်းဆီးရမိ


ရန်ကုန် - ဇန်န၀ါရီ ၎

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အေးမေတ္တာရပ်ကွက်၌ ဇန်န၀ါရီ ၃ ရက် ည၉ နာရီ မိနစ် ၃၀ အချိန်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တံဆိပ်ပါ ရဲယူနီဖောင်းဝတ်ဆင်ထားသည့်ပြည်သူ့ဝန်ထမ်း အယောင်ဆောင် ထားသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး စောထွန်း နှင့် ရဲတပ်ဖွဲ့ဝင်များသည်သန်လျင်မြို့နယ်အတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် သန်လျင်မြို့၊ အေးမေတ္တာရပ်ကွက်၊ ကုလားဘုရားကျောင်း လမ်းသွယ်အတွင်းဟိန္ဒူဘုရားပွဲကျင်းပနေသည့် ဘုရားကျောင်းလမ်းထိပ်၌ ဒုရဲအုပ်အဆင်တန်ဆာ (ဦးထုပ်၊ ဖိနပ်မပါ) ၀တ်ဆင်ထားသည့် မသင်္ကာ ဖွယ်လူငယ်တစ်ဦးအားတွေ့ရှိ၍သက်သေများနှင့်အတူ အကျိုးအကြောင်း စစ်ဆေးမေးမြန်းရာ ထွန်းထွန်းလှိုင် အသက် (၁၇) နှစ်၊ (၁၆)လမ်း၊ ရန်ပြေ အနောက်ရပ်ကွက်၊ သာကေတမြို့နယ်နေသူဖြစ်ပြီး၊ ရဲယူနီဖောင်း (ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ တံဆိပ်ပါ) ၀တ်ဆင်ထားရသည့် အကြောင်းအရင်းအား ခိုင်လုံစွာ ပြောဆိုနိုင်ခြင်းမရှိဘဲ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တံဆိပ်ပါရဲယူနီဖောင်းဖြင့် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ထားသော ထွန်းထွန်းလှိုင်အား သန်လျင်မြို့မရဲစခန်းမှအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တံဆိပ်ပါ ရဲအယောင်ဆောင် သူအား ဖမ်းဆီးရမိ သန်လျင်၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တံဆိပ်ပါ ရဲအယောင်ဆောင် သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.