တာချီလိတ်၌ ဇနီးဖြစ်သူမှ အိမ်ခြံတခါးမဖွင့်ပေး၍ သေနတ်ပစ်ဖောက် သူအား အရေးယူ


တာချီလိတ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ၌ ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက ဇနီးဖြစ်သူက အိမ်ခြံတခါးမ ဖွင့်ပေးလို့ ဒေါသအလျောက် သေနတ်ပစ်ဖောက်သူ အမျိုးသားတစ်ဦးကို အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။


ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှာ တာချီလိတ်မြို့မရဲစ ခန်းမှ နယ်ထိန်း ရဲအုပ်ကိုကိုဦး၊ တပ်ကြပ် မျိုးညွှန့်အောင်၊ တပ်ကြပ် အောင်သိန်းဦးတို့အဖွဲ့ ဝမ်ကောင်းရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အတွင်း ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာထဲတွင် သေနတ် ပစ်ဖောက် သံကြားလို့ သွားရောက်စစ်ဆေးရာမှာ ကျစေး (၃၀ နှစ်)ဟာ အိမ်လည်ပြန် လာရာမှ ဇနီးဖြစ်သူအား နေအိမ်ခြံတခါး ဖွင့်ခိုင်းရာမှ ဒေါသ ထွက်ပြီး သေ နတ်ပစ်ဖောက်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

တရားမဝင်လက်နက်ကိုင်ဆောင်ပစ်ဖောက်သူ ကျစေး၊ ကချင်ရွာ၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်း က ရှမ်းလက်နက်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

မြင့်မိုရ်(တာချီလိတ်)
တာချီလိတ်၌ ဇနီးဖြစ်သူမှ အိမ်ခြံတခါးမဖွင့်ပေး၍ သေနတ်ပစ်ဖောက် သူအား အရေးယူ တာချီလိတ်၌ ဇနီးဖြစ်သူမှ အိမ်ခြံတခါးမဖွင့်ပေး၍ သေနတ်ပစ်ဖောက် သူအား အရေးယူ Reviewed by THITHTOOLWIN on 12:52 Rating: 5
Powered by Blogger.