အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ နဲ့ ပုဏ္ဏားကျွန်း မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတင်မောင်ဆွေက 5 PLUS ကိုပြောပါတယ် ။
ဇန်န၀ါရီလ (၁၅)ရက်က ရသေ့တောင်မြို့နယ်မှာကျင်းပခဲ့တဲ့ (၂၃၃)နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးမှု စာပေဟောပြောပွဲ မှာ တက်ရောက်ဟောပြောခဲ့တဲ့အတွက် အခုလို အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ဒီဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ စာရေးဆရာဝေဟင်အောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ပါတယ် ။ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်သူတွေကို ဆက်လက်စုံစမ်းနေပြီး ဥပဒေအရ အရးယူမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်လက်ပြောပြပါတယ် ။
မွန်းလွဲ ၃ နာရီကျော်ချိန်အထိ ဒေါက်တာအေးမောင်ရဲ့ လက်ကိုင်ဖုန်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုအရေးယူမယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်ဥက္ကဌရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။
5 PLUS NEWS
https://www.facebook.com/5plusnews/
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ နဲ့ အမှုဖွင့်ထား
Reviewed by THITHTOOLWIN
on
20:04
Rating:
