စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ အမျိုးသားတစ်ဦးသေဆုံး


ကျွန်းလှ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် လွှတ်တိုက်ကျေးရွာအုပ်စု / စေတီကုန်း(ချောင်းမ) တံငါတဲတိုက်အနီးတွင် ဇန်နဝါရီ၂၆ရက်နေ့ နံနက်၁၀နာရီခန့်က စကားများ ရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးအောင်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာထွန်းမင်းအောင် စေတီကုန်းရွာဟောင်း တံငါတဲတိုက်နေသူဖြစ်ပြီး စိုက်ခင်းအတွင်းနွားများဝင်ရောက်ခြင်းနှင့်ပတ်သက်၍ စကားများရာ အောင်ကိုဝင်းတွင် ပါလာသော စတီးဓားဖြင့် ထိုးရာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကိုဝင်း စေတီကုန်းရွာဟောင်းအနီး တံငါတဲတိုက် နေထိုင်သူအား ကျွန်းလှမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ အမျိုးသားတစ်ဦးသေဆုံး စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 13:09 Rating: 5
Powered by Blogger.