တောတွင်းဆေးမြစ်ရှာရင်း ပျောက်ဆုံးသွားသည့် ဆရာတော်


27 January 2018

ထိုင်းနိုင်ငံ သရမ် ပြည်နယ်က ကျောင်းထိုင် ဆရာတော်တပါးဟာ တောထဲဆေးမြစ်ရှာ ထွက်သွားရင်း ပျောက်ဆုံးသွားခဲ့လို့  လူအင်အား ၃၀၀ နဲ့  ရဟတ်ယာဉ်ပါ ကူပြီး တောနင်းရှာဖွေခဲ့ရပါတယ်။

တောမကျွမ်းတဲ့ ဆရာတော်က သူဝင်လာတဲ့လမ်းကို မှတ်မထား သတိမထားခဲ့တော့ ခုလို တောတောင်ထဲမှာ လမ်းပျောက်သွားခဲ့တာပါ ၊ ဆရာတော်မှာ ဖုန်းပါလာခဲ့လို့  သူ့ မိသားစုကို အကြောင်းကြားနိုင်ခဲ့တာကြောင့် သူရှိတဲ့နေရာ ဧရိယာကို GPRS ကနေ သိသွားခဲ့ပါတယ်။


 တောမကျွမ်းကျင်ဘဲ ခုလိုဝင်တိုးသွားတဲ့သူတွေ အတွက် ကိုယ်ဝင်လာတဲ့ လမ်းကို အမှတ်အသားတွေ လုပ်မထားခဲ့ရင်၊ အရှေ့ အနောက် အရပ် လေးမျက်နှာ ကို သတိမထားဘဲ တောတွင်း သွားလာတဲ့သူတွေ ဆိုရင် ခုလိုဖြစ်ရပ်မျိုးရင်ဆိုင်ရတတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း သံဃာတော်နှစ်ပါ တောတွင်းကို တရားအားထုတ်သွားရင်း လမ်းပျောက် အဆက်သွယ်ပြတ်သွားခဲ့လို ခုလိုတောနင်းရှာဖွေခဲ့ရပါတယ်။

ကံဆိုးတဲ့သူတွေအတွက် ကယ်မယ့်သူမရှိ တောတောင်တွေကြားမှာ အစာရေစာ ပြတ်ပြီး ရက်ပိုင်းအတွင်း သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

တရက်ကျော်လမ်းပျောက်နေတဲ့ဆရာတော်ကို ကျောက်တောင်တခုရဲ့ ထိပ်မှာ ရဟတ်ယာဉ်ပေါ်ကနေရှာတွေ့ သွားခဲ့ပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်၊။

Social Action for Children and Women - SAW
တောတွင်းဆေးမြစ်ရှာရင်း ပျောက်ဆုံးသွားသည့် ဆရာတော် တောတွင်းဆေးမြစ်ရှာရင်း ပျောက်ဆုံးသွားသည့် ဆရာတော် Reviewed by THITHTOOLWIN on 13:00 Rating: 5
Powered by Blogger.