၁၇.၁.၂၀၁၈
ဇန်န၀ါရီလ ၁၇ ရက်နေ့ ယနေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် အမှတ် ၄ နယ်မြေ ဘုရင့်နောင်ရပ် ကံ့ကော်လမ်း နဂါးဖိနပ်ဆိုင်ဘေးရှိ မိလ္လာကျင်းဟောင်းအား ဆယ်ယူ၍ ကျောက်ဂွေချနေစဉ် ကျင်းအတွင်းသို့ ကျဘမ်းအလုပ်သမား၂ဦးအောက်ဆီဂျင် ပြတ်တောက်၍ မူးမေ့လဲကျသဖြင့် ကျင်းပေါ်ကျန် ရှိနေသူမှဆင်း၍ ကယ်တင်ရာ ထပ်မံ၍မူးမေ့လဲကျကြောင်း သိရပါသည်။
အဆိုပါ သတင်းရရှိခဲ့သဖြင့် မြင်းမူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ မြတ်သုခလူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျင်းအတွင်းပြုတ်ကျနေသူ ၁ဦးနှင့် ဆင်း၍ကယ်ဆယ်သူ ၁ဦးအား အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး ကျန်ကျင်းအတွင်း ပြုတ်ကျသူ ၁ဦးအား အသက်သေဆုံးလျှက် ဆယ်ယူနိုင်ခဲ့ပါသည်။
မြင်းမူမြို့နယ် မီးသတ် ဦးစီးဌာန
မိလ္လာကျင်းဟောင်း ဆယ်ယူသူ ၃ ဦးအနက် ၁ ဦး အောက်ဆီဂျင် ပြတ်တောက် သေဆုံး
Reviewed by THITHTOOLWIN
on
23:37
Rating:
