အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦး သေဆုံး ဒဏ်ရာ ရရှိမှု ဖြစ်ပွား

ဒီဇင်ဘာ ၃၁ ရက်နေ့၌ အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(Xinhua)
ကဘူးလ် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့၌ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ က အတည်ပြု ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသူ ဒေသတွင်း အရာရှိ တစ်ဦး က တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်သူ သည် ဒေသတွင်း အရာရှိဟောင်း တစ်ဦး ၏ အသုဘ အခမ်းအနား ကျင်းပ စဉ် ကိုယ်တွင် တပ်ဆင်ထားသည့် ဗုံးအား ဖောက်ခွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့သည်။

တိုက်ခိုက်မှု ပုံစံ အား ကြည့်ခြင်းအားဖြင့် IS အစွန်းရောက် အဖွဲ့အစည်း ၏ ဆောင်ရွက်မှု ပုံစံ ဖြစ်ကြောင်း အစိုးရ က သုံးသပ်ခဲ့ပြီး IS အဖွဲ့ အနေဖြင့် ဒီဇင်ဘာလ အတွင်း တိုက်ခိုက်မှု များစွာ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင် လူပေါင်း ၁၂၅ ဦး သေဆုံးခဲ့သည်။

အာဖဂန်နစ္စတန် ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် အာဖဂန်နစ္စတန် ၌ IS အစွန်းရောက် တပ်ဖွဲ့ဝင် ပေါင်း ၁ သောင်းကျော် တည်ရှိနေပြီး ၄င်းတို့ အနက် အချို့မှာ အီရတ် နှင့် ဆီးရီးယား မှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦး သေဆုံး ဒဏ်ရာ ရရှိမှု ဖြစ်ပွား အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦး သေဆုံး ဒဏ်ရာ ရရှိမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.