ဆိုင်ကယ်နှစ်စီး ယှဉ်မောင်းရာမှ ချိတ်မိတိမ်းမှောက်ပြီး ကျောင်းသားတစ်ဦးသေဆုံးမှု ဖြစ်ပွား

Photo - Ministry of Home Affairs, Myanmar
မိုးကောင်း ဇန်နဝါရီ ၅

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကညင်မြိုင်ကျေးရွာအနီးတွင် ဇန်နဝါရီ၎ရက် နေ့လည်၁၂နာရီခန့်က ဆိုင်ကယ်နှစ်စီး လားရာတူယှဉ်ပြိုင်မောင်းနှင်ရာမှ ချိတ်မိကာ တိမ်းမှောက်ပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Photo - Ministry of Home Affairs, Myanmar
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် KM-373 နှင့် KM-374 အကြားတွင် မိုးကောင်းမြို့ဘက်မှ ဟိုပင်မြို့ဘက်သို့ မိုးကောင်းမြို့နယ် တောင်နီကျေးရွာနေသူများဖြစ်ကြသော မောင်ကောင်းမြတ်ဦး(၁၈)နှစ် မောင်းနှင်ပြီး မောင်အောင်လွင်မျိုး(၁၇)နှစ်၊မောင်မင်းထက်ဦး(၁၇)နှစ်တို့ သုံးဦးစီးနင်းလိုက်ပါလာသည့် FEELING-125 မော်တော်ဆိုင်ကယ်နှင့် မောင်ဝေလင်းထွန်း(၁၆)နှစ် မောင်းနှင်ပြီး မောင်ထက်စိုး(၁၆)နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်သည် လားရာတူယှဉ်ပြိုင်မောင်းနှင်ပြီး ချိတ်မိကာတိမ်းမှောက်ခဲ့၍ မောင်ဝေလင်းထွန်း(စိုးရိမ်ရ)၊မောင်ထက်စိုး(စိုးရိမ်ရ)၊မောင်အောင်လွင်မျိုး(စိုးရိမ်ရ)၊မောင်ကောင်းမြတ်ဦး(မစိုးရိမ်ရ)၊မောင်မင်းထက်ဦး(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိကာ ဆားမှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသရာမှ မောင်အောင်လွင်မျိုးမှာ ဆားမှော်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ကောင်းမြတ်ဦးနှင့် ဝေလင်းဦးတို့နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ