လက်ဘနွန်နိုင်ငံထဲ ခိုးဝင်သူ ဆီးရီးယာ ၁၀ ဦး အေးခဲပြီး သေဆုံး


အအေးမုန်တိုင်းဖြတ်တိုက်တဲ့အတွက် ဆီးရီးယား နယ်ခြားဂိတ်စခန်းတခုနားက လူခိုးထုတ်တဲ့ လမ်းကြောင်းကနေ လက်ဘနွန်နိုင်ငံထဲကူးဝင်လာတဲ့ ဆီးရီးယားလူမျိုး ကိုးယောက်ဟာ အေးခဲပြီး သေဆုံးသွားတယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။

နောက်လူ ခြောက်ယောက်ကိုလည်း Masnaa နယ်ခြားဖြတ်လမ်း နားမှာ စစ်တပ်က ကယ်ဆယ်လိုက်ပေမဲ့ ဒီထဲက တယောက်ဟာ ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

ဒါနဲ့ပတ်သက်လို့ လူခိုးသွင်းတဲ့စွဲချက်နဲ့ ဆီးရီးယားနှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး နှင်းတောထဲ ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေနေတယ်လို့လည်း စစ်တပ်က မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လက်ဘနွန်နိုင်ငံထဲ ခိုးဝင်သူ ဆီးရီးယာ ၁၀ ဦး အေးခဲပြီး သေဆုံး လက်ဘနွန်နိုင်ငံထဲ ခိုးဝင်သူ ဆီးရီးယာ ၁၀ ဦး အေးခဲပြီး သေဆုံး Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.