တရုတ်-မြန်မာ နယ်စပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မည်


တရုတ်-မြန်မာ နှစ်နို်င်ငံ နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ရေး စစ်ဘက်ချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်း အောင် လုပ်ချင်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က သောကြာနေ့မှာ ပြောလိုက်တဲ့ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းမှာ ရေးထားပါတယ်။

တရုတ်နိုင်ငံမှာရောက်နေတဲ့ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းနဲ့ တွေ့ဆုံချိန်အတွင်း တရုတ်ကာကွယ် ရေးဝန်ကြီးက အဲဒီလိုပြောတာပါ။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေခိုင်မာရေးအပေါ် တရုတ်နိုင်ငံအနေနဲ့ လေးစားပါကြောင်းနဲ့ ကိုယ့်ရဲ့ အခြေ အနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် သွားနေတာကို တရုတ်က ထောက်ခံပါကြောင်းလဲ သူကပြောပါတယ်။

နှစ်နိုင်ငံစစ်ဘက်တွေအကြား ဆက်ဆံရေးက လက်ရှိမှာ အကောင်းဆုံးအနေအထား ရောက်နေတာနဲ့အညီ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ချင်ကြောင်း၊ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး ပူးတွဲ ကာကွယ်ချင်ကြောင်း၊ နှစ်နိုင်ငံစစ်ဘက်တွေ အကြား အပြန်အလှန်ဖလှယ်တာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြှင့်သွားချင်ကြောင်း ၀န်ကြီး Chang ကပြောပါတယ်။

စစ်ဘက်နှစ်ရပ်အကြား လက်တွေ့ကျတဲ့ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုကိ တိုးမြှင့်ချင်ကြေင်းနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုပြီးမြင့်မားတဲ့အဆင့်ရောက်အောင် မြှင့်တင်ချင်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ပြောတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တရုတ်-မြန်မာ နယ်စပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မည် တရုတ်-မြန်မာ နယ်စပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မည် Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.