ကာဇက်စတန်၌ ဘတ်စကားမီးလောင်၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၅၂ ဦးသေဆုံး


အက်စတာနာ ၁၉-၁-၂ဝ၁၈

ကာဇက်စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ၌ ဇန်နဝါရီ ၁၈ ရက်တွင် ဘတ်စကားတစ်စီး မီးလောင်မှုဖြစ်ပွားရာ ဥဇဘက် ကစ္စတန်နိုင်ငံသား ၅၂ ဦး သေဆုံးကြောင်း ကာဇက်စတန်ပြည်ထဲရေး ဝန်ကြီးဌာနက
ပြောသည်။

ဟန်ဂေရီနိုင်ငံထုတ် အိုင်ကာရက် အမျိုးအစား အဆိုပါဘတ်စကားပေါ်၌ ခရီးသည် ၅၅ ဦးနှင့် ယာဉ်မောင်း နှစ်ဦးလိုက်ပါလာကြောင်း သိရသည်။

ဘတ်စကားမီးလောင်မှု ဖြစ်ပွားချိန်တွင် လူငါးဦးလွတ်မြောက် သွားကြောင်းနှင့် ၎င်းတို့ကို ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဘတ်စကား မီးလောင်မှုသည် အက်တိုဘီဒေသ၌ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ဘတ်စကားမီးလောင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရ သေးကြောင်း သိရသည်။

အက်တိုဘီဒေသ၌ လူသေဆုံးမှုများပြားသော မတော်တဆမှုများ၏ နောက်ဆက်တွဲ အနေဖြင့် ယာယီအရေးပေါ် ညွှန်ကြားရေးဌာနကို ဖွဲ့စည်းထားကြောင်း သိရသည်။

ဥဇဘက်ကစ္စတန်အစိုးရသည် အဆိုပါ ကားမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တောင်းဆိုထားကြောင်း သိရသည်။

Pyi Chit Thar
ကာဇက်စတန်၌ ဘတ်စကားမီးလောင်၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၅၂ ဦးသေဆုံး ကာဇက်စတန်၌ ဘတ်စကားမီးလောင်၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၅၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.