မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်သော အမျိုးသမီးတစ်ဦး ဓားထိုးခံရမှု ယနေ့(ဇန်နဝါရီလ ၁၀ ရက်) မွန်းလွဲ ၁၂:၁၅ နာရီခန့်က ဖြစ်ပွားရာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နတ်ရေကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားဆွဲဆိုထားသောကြောင့် ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ပြီး ပြန်ထွက်လာသော အသက် ၇၀အရွယ် ဒေါ်ဝင်းကြည်အား ၇၈လမ်းနှင့် မြနန္ဒာလမ်းသွယ် ချမ်းမြသာစည်မြို့နယ်တရားရုံး ဝင်ပေါက်ရှေ့တွင် အသက် ၃၀ ခန့်အရွယ် လူငယ်တစ်ဦးက ဓါးဖြင့်ထိုးသောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
လူသတ်တရားခံအား ပ-၂၆ /၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောက်ရွက်လျှက်ရှိသည်။
ကျော်ထူး
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ချမ်းမြသာစည်မြို့ နယ်တရားရုံး ဝင်ပေါက်ရှေ့တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ
Reviewed by THITHTOOLWIN
on
19:23
Rating:
