![]() |
အီရန်ပြည်သူတွေရဲ့ အသံကို ပိုပြီး ကျယ်လောင် စေချင်တယ် |
သူမတူအောင် သတ္တိပြနေကြတဲ့ အီရန်ပြည်သူတွေရဲ့ အသံကို ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရစေ့ချင်တဲ့ ဆန္ဒ အမေရိကန်မှာ ရှိနေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောပါတယ်။
အီရန်နိုင်ငံထဲက ဆန္ဒပြပွဲတွေကို နိုင်ငံရပ်ခြား အင်အားစုတွေက ကြိုးကိုင်ဖန်တီး နေတယ်ဆိုတဲ့ အီရန်အစိုးရရဲ့ ပြောဆိုချက်ဟာ အင်မတန် အဓိပ္ပာယ် ကင်းမဲ့လှတယ် လို့လည်း နစ်ကီဟေလီက ဆိုပါတယ်။
အီရန်ရဲ့ အထွဋ် အထိပ်ခေါင်းဆောင် အယာတိုလာ ခါမေနီ ကတော့ အီရန် ဒုက္ခရောက်အောင် ရန်သူတွေ အုပ်စုဖွဲ့ လုပ်ဆောင်နေတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အီရန်အစိုးရကို ထောက်ခံကြောင်း ပြသတဲ့ တန်ပြန် ချီတက်ပွဲ တွေကို ဆန္ဒပြပွဲတွေ အကြီးအကျယ် ရှိနေတဲ့ နေရာတွေမှာ ပြုလုပ်သွားမယ်လို့ အီရန် အစိုးရက ကြေညာထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
အီရန် ဆန္ဒပြသူတွေ အသံကို ပိုကြားရစေမယ်လို့ အမေရိကန်ပြော
Reviewed by THITHTOOLWIN
on
10:34
Rating:
