ပီရူးနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၃၆ ဦးထိ မြင့်တက်လာ


လီမာ၊ ဇန်နဝါရီလ ၃ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၏ မြို့ တော် နှင့် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သော လီမာမြို့ အနီး၌ ဇန်နဝါရီလ ၂ ရက်တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

“အခုချိန်ထိ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရထားပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ် ” ဟု ပီရူးနိုင်ငံအမျိုးသားသတင်းအေဂျင်စီမှ Andina က ဆိုသည်။


အဆိုပါ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၅ဝ ဦးလိုက်ပါလာပြီး မွန်းတည့်ချိန့် ခန့် တွင် မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ကုန်တင်ကားတစ်စီး နှင့် တိုက်မိခဲ့ကြောင်း ၊ အခင်းဖြစ်နေရာသည် လီမာမြို့ မှ မြောက်ဘက် ၄၈ ကီလိုမီတာကွာဝေးကြောင်း ၊ ၄င်းနေရာကို Pasamayo ဟု ခေါ်ဆိုကြောင်း သိရသည်။
ကုန်တင်ကားသည် တစ်ဖက်ယာဉ်ကြောထိ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၊ မတော်တဆမှုဖြစ်စဉ်အတွက် ပြစ်တင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဘတ်စ်ကား၏ အပျက်အစီးပိုင်းများကို အဝေးပြေးလမ်းတစ်လျှောက် အခင်းဖြစ်နေရာမှ မီတာ ၁ဝဝ ထိ လွင့်စင်ထွက်သွားသည်ကို တွေ့ ရှိခဲ့ရသည်။ ၄င်းယာဉ်မတော်တဆမှုသည် ယာဉ်အန္တရာယ်ကွေ့ တစ်ခုဖြစ်သည့် “ မရဏကွေ့ ” ဟုခေါ်သော နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးသမားများသည် ရဟတ်ယာဉ်များကို အသုံးပြု၍ ရုပ်အလောင်းများကို သယ်ဆောင်နေကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ပေးနေကြောင်း သိရသည်။

“ မီးသတ်သမားတွေက ဘတ်စ်ကားထဲမှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ထုတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

(Xinhua)
China Xinhua News
ပီရူးနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၃၆ ဦးထိ မြင့်တက်လာ ပီရူးနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၃၆ ဦးထိ မြင့်တက်လာ Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.