ရာမညယူနိုက်တက် ကျောက်မိုင်းတွင် ကျောက်တုံးများလိမ့်ကျရာမှ ဘုရားဖူးသွားနေသူ အမျိုးသမီး ကျောက်တုံးထိသေဆုံး
ပေါင် - ဇန္နဝါရီ ၅
မွန်ပြည်နယ် ၊ ပေါင်မြို့ ၊ ဆင်ရွာရေတံခွန်အနီးရှိ အုန်းတပင်ကျေးရွာ အပိုင် နယ်မြေအတွင်း ကျောက်ထုတ်လုပ်နေသော ရာမညယူနိုက်တက် ကုမ္ပဏီမှ ကျောက်တုံးများပြိုကျကာ ဘုရားဖူးသွားနေသူ အမျိုးသမီးတစ်ဦး ကျောက်ခဲထိမှန် သေဆုံးခဲ့မှု ဇန္နဝါရီ ၅ရက်နေ့ လည်ပိုင်းကဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ မဝေဝေခိုင် ၂၂နှစ် (ဘ)ဦးသန်းစိန်ဝင်း တောင်သူစု အုန်းတပင်ကျေးရွာနေသူဖြစ်ပြီး ဦးခေါင်း နှင့် ဝဲဘက်ဗိုက် ပေါက်ပြဲ၊ ညာဘက်ကျောကုန်းစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။
ကျောက်မိုင်းအနီးရှိ ကုလားမတောင်သို့ ဘုရားဖူးသွားစဉ် လျှိုအတွင်းဖြတ်သန်းသွားခဲ့ရာ အမြင့် ပေ ၅၈၀ကျော်မှာ စုပုံထား သော ကျောက်မိုင်းမှ ကျောက်ခဲများပြိုကျ၍ ထိမှန်သေဆုံးခြင်း
ဟု သိရသည်။
မုတ္တမရဲစခန်းမှ ထိုအမှုအား သေမှုသေခင်းအဖြစ်သာ ဖွင့်လှစ်စစ်ဆေးနေခြင်း ဖြစ်သည်ဟုသိရသည်။
Paung Daily
https://www.facebook.com/paungdaily
ရာမညယူနိုက်တက် ကျောက်မိုင်းတွင် ကျောက်တုံးများလိမ့်ကျရာမှ ဘုရားဖူးသွားနေသူ အမျိုးသမီး ကျောက်တုံးထိသေဆုံး
Reviewed by THITHTOOLWIN
on
02:16
Rating:
