ကော့သောင်းမြို့ မှာ ဆိုင်ကယ် ချောက်ထဲထိုးကျ တိမ်းမှောက်သဖြင့် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ


နေပြည်တော်၊ ဇန်နဝါရီ ၂၆

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ တောင်ပတ်လမ်း ရွှေပါရမီတောရဘုန်းကြီး ကျောင်းရှေ့၌ အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ် ချောက်ထဲထိုးကျ တိမ်းမှောက်သဖြင့် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပါသည်။

 (၇)မိုင်ရွှေပြည်စိုးကျေးရွာမှ ရွှေပြည်သာရပ်ကွက်သို့ ပိတောက်ရွှေဝါရပ်ကွက်နေ ငလင်း(ခ)လင်းလင်းထွန်း(၁၉)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ သူရအောင်(၁၆)နှစ်ပါ ကျား(၃)ဦးလိုက်ပါလာသည့် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက် ထဲသို့ထိုးကျ တိမ်းမှောက်မီးလောင်ခဲ့ခြင်း ဖြစ်သည်။

 ငလင်း(ခ)လင်းလင်းထွန်းနှင့် တစ်ရပ်ကွက်တည်းနေ ထက်လင်းဦး (၁၆)နှစ်တို့တွင် ဦးခေါင်းကွဲ၊ ဝဲ/ယာနား သွေးထွက်၊ ဝဲမျက်လုံးချိုင့်ဝင်၊ လည်ပင်း၊ ယာလက်မောင်း၊ ယာခါးပွန်းပဲ့၊ ခန္ဓာကိုယ်ယာဘက်ခြမ်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကာ သူရအောင်နှင့် တစ်ရပ်ကွက်တည်းနေ သန်းဇော်ထွေး(ခ)ထိပ်ပေါက်(၂၄)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပါသည်။

ဆိုင်ကယ်မောင်းနျှင်သူ ငလင်း(ခ)လင်းလင်းထွန်း အား ကော့သောင်းမြို့မရဲစခန်းယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကော့သောင်းမြို့ မှာ ဆိုင်ကယ် ချောက်ထဲထိုးကျ တိမ်းမှောက်သဖြင့် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ကော့သောင်းမြို့ မှာ ဆိုင်ကယ် ချောက်ထဲထိုးကျ တိမ်းမှောက်သဖြင့် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.