မြစ်ကြီးနား ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်း-ကာမိုင်းလမ်းအနီး၌ KIA ရင်း(၁၁)မှ အင်အား(၆၀)ဦး ခန့်ပါဝင်သောတပ်ဖွဲ့သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက်(၈)နာရီခန့်အချိန်က ကာမိုင်း-ဖားကန့် အတက်အဆင်း ကားသမားများ ထံမှ ငွေကြေးကောက်ခံလျှက်ရှိကြောင်းသိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကေအိုင်အေ ရင်း(၁၁)မှ ကာမိုင်း-ဖားကန့်လမ်းအတွင်း ဖြတ်သန်းသွားလာ နေကြသော အတက်အဆင်း ကားသများထံမှ ဟင်းဖိုးငွေအဖြစ် ကား(၁)စီးလျှင် (၅၀၀၀)ကျပ်မှ(၃၀၀၀၀)ကျပ် အထိ ကောက်ခံလျှက်ရှိကြောင်း အဆိုပါလမ်းအတွင်း ပြေးဆွဲနေသော ကားသမားများထံမှ သိရှိရသည်။
“ကေအိုင်အေတပ်ဖက်က ပိုက်ဆံကောက်တယ် ဒါပေမဲ့ လမ်းပိတ်ဆို့တာ တစ်စုံတစ်ရာဖြစ်ပွားတာ မျိုးတော့ မရှိပါဘူး သွားလာတာကတော့ ပုံမှန်အတိုင်းပါပဲ”ဟု အဆိုပါလမ်းအတွင်း ပြေးဆွဲနေသော ကားသမား များထံမှ သိရှိရသည်။
ထိုကဲ့သို့ ကေအိုင်အေ ရင်း(၁၁)မှ ကားသမားများထံ ငွေကြေးကောက်ခံမှုသည် ယခုလ(၁၁)ရက်နေ့နှင့် (၁၃)ရက် နေ့အတွင်းတွင် မြစ်ကြီးနား-တနိုင်းလမ်းအတွင်းတွင် (၂)ကြိမ်ရှိခဲ့ပြီး ယခု(၁) ကြိမ်သည် ကာမိုင်း-ဖားကန့်လမ်း အတွင်းတွင်ဖြစ်ပြီး ယနေ့(၁၆)ရက်အပါအဝင် ယခုလအတွင်းတွင် ကောက်ခံမှုသုံးကြိမ်တိုင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
လွမ်းအောင်/EPN
https://www.facebook.com/epngnews/
ကေအိုင်အေ မှ ကာမိုင်း-ဖားကန့် လမ်းအတွင်း ကားသမားများထံမှ ငွေကြေးကောက်ခံလျှက်ရှိ
Reviewed by THITHTOOLWIN
on
19:50
Rating:
