![]() |
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ်/ Photo: RFA |
မရိုးမသားစိတ်နဲ့ ပြင်ဆင်တာမျိုး မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ပြောပါတယ်။
"မန္တလေးတိုင်းထဲက ၆ မြို့နယ်လောက် ပြင်ဆင်ဖွဲ့စည်းခဲ့တော့ ဒါကတော့ ရုံးလုပ်ငန်းချို့ယွင်း ချက်ကြောင့်။ ပထမတုန်းက ၂၈ မြို့နယ်လုံး တပြိုင်တည်းဖွဲ့လိုက်တာပေါ့။ ဖွဲ့လိုက်ပြီး စာဝင် စာထွက်လေးတစ်ခုမှားတာ ဖြစ်လိမ့်မယ်ဗျ။ အဲ့မှာ ဒီ ၆ မြို့နယ်ကို ပြန်ပြင်လိုက်တာ။ မရိုး မသားတစ်ခုခုအကြံနဲ့တော့ မဟုတ်ဘူး။ ရုံးလုပ်ငန်းအမှားလို့ ကျနော်တို့ကမေးလို့သိတာ"
မန္တလေးတိုင်းဒေသကြီးအတွင်းက မတ္တရာ၊ သပိတ်ကျင်း၊ မြင်းခြံ၊ မလှိုင်၊ သာစည်နဲ့ မိတ္တီလာ မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ရမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြန်လည် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
သာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ကြေညာခံရပြီးနောက် ပြန်လည်ပယ်ဖျက်ခံခဲ့ရသူ ဒေါ်စန်း က ဘာကြောင့်ပယ်ဖျက်တယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"၄ နေရာကို မပြောင်းဘဲနဲ့ ကျမနဲ့ ဆရာကြီးနဲ့ ၂ နေရာကိုပဲပြောင်းတာ၊ ဘာကြောင့် ကျမတို့ကို လဲလိုက်တယ် ဆိုတာ ကျမတို့လည်း မသိဘူးပေါ့နော့။ ဒါလေးတွေကိုတော့ အကျိုးအကြောင်းလေးတော့ သိချင်ပါတယ် ဆိုပြီးတော့ ကျမအဲ့ဒါလေးကို တင်ပြတာပါ"
သာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှာ ဥက္ကဌအပါအဝင်အဖွဲ့ဝင် ၆ ဦးအမည်စာရင်းကို အတည်ပြု ပြီးနောက်မှာ အဖွဲ့ဝင် ၁ ဦးနဲ့ ဥက္ကဌနေရာကို အစားထိုးပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင်အသစ်တွေခေါ်ယူချိန်မှာ လျှောက်လွှာနဲ့ လျှောက်ထားခဲ့ရတာဖြစ်ပြီး အဖွဲ့ဝင်တွေထဲကမှ ဥက္ကဌကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းလောက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အသစ် ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြင်ဆင်ဖွဲ့စည်းမှု အားနည်းချက်ရှိ
Reviewed by THITHTOOLWIN
on
21:06
Rating:
