လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဘိုဘိုမင်းသိုက်၏ကား မီးရှို့ခံရ

( ကားမီးလောင်နေသည်ကို တွေ့ရစဉ်/ ဓာတ်ပုံ- မူရင်းပိုင်ရှင်)
နိရဉ္စရာ၊ ဇန်န၀ါရီ ၃၁

ယမန်နေ့ ညနေ ၅ နာရီခွဲက လုပ်ကြံသတ်ဖြတ်ခံရသူ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက်၏ ကား မီးရှို့ခံရကြောင်း ပုဏ္ဍားကျွန်းမြို့ရဲမှ အတည်ပြုပြောကြားသည်။

“ ဟုတ်ပါတယ်။ မနေ့ည ၈ နာရီကျော်လောက်မှာ မီးရှို့ခံရတာပါ။ ကားက ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငုံအကြား ပြည်ထောင်စု ကားလမ်းဘေးမှာ ထားစဉ် မီးရှို့ခံရတာပါ” ဟု ပုဏ္ဍားကျွန်း ရဲစခန်းမှ ရဲအုပ် ဘစုက ပြောကြားသည်။

မီးရှို့ခံရသဖြင့် ကားတစ်ခုလုံး မီးလောင်သွားခဲ့သည်ဟု သိရသည်။

“ ဘယ်သူတွေ လုပ်သွားသလဲဆိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ လုပ်စရာတွေရှိနေတဲ့ အတွက် အသေးစိတ်တော့ မပြောနိုင်သေးပါဘူး” ဟု ရဲအုပ်ဘစုက ဆက်လက် ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဇန်န၀ါရီ ၁၉ ရက်နေ့က ရခိုင်ပြည်အစိုးရရုံးသို့ လက်ထောက်ညွှန်မှူး တာဝန်ဖြင့် ရွှေ့ပြောင်းခံရပြီးနောက် ဇန်န၀ါရီ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် ယိုးငူအကြား မိုင်တိုင်အမှတ် (၁၆၉/၁) ကားလမ်းပေါ်တွင် သူ၏ ကားထဲ၌ အသတ်ခံခဲ့ရသည်။
ဓါတ်ပုံ - Ye Ko (facebook)
ဓါတ်ပုံ - Ye Ko (facebook)
ဓားဒဏ်ရာ တစ်ချို့တွေ့ရှိကြောင်းကို ရဲက အတည်ပြုပြောကြားသော်လည်း အသေးစိတ်ကိုမူ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

Narinjara
https://www.facebook.com/Narinjara
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဘိုဘိုမင်းသိုက်၏ကား မီးရှို့ခံရ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဘိုဘိုမင်းသိုက်၏ကား မီးရှို့ခံရ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.