စက်ရုံရှေ့ ဆန္ဒထုတ်ဖေါ်သည့် အလုပ်သမား တစ်ဦး ဓါတ်လိုက်ခံရ


ရန်ကုန်-ဇန်န၀ါရီ ၂၀

လှိုင်သာယာမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်ရှိ Eusebio Sporting (Myanmar) Co,Ltdကျောပိုးအိတ်စက်ရုံမှ လုပ်သား ၄၀၀ကျော်တို့သည် အလုပ်ရှင်မှ လုပ်သားအင်အားလျှော့ချသည်ဟုဆိုကာ အလုပ်သမားခေါင်းဆောင်၁၃ဦးအား ပထမအသုတ်အနေဖြင့်အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် ဇန်န၀ါရီ ၁၉ရက်နံနက်ပိုင်းက စက်ရုံရှေ့တွင် ဆန္ဒပြရာ တွင် အလုပ်သမားတစ်ဦးမှာ စက်ရုံအတွင်းဘောလုံးဝင်ကောက်ရာမှ ဓါတ်လိုက်ခံရကြောင်း ဆန္ဒထုတ်ဖေါ်သည့်အလုပ်သမားများထံက သိရသည်။

အဆိုပါ အလုပ်သမားမှာ စက်ရုံရှေ့လမ်းဘေးတွင် ဘောလုံးကန်ရာမှ စက်ရုံခြံစည်းရိုးအတွင်းသို့ ဘောလုံးဝင်သွားသဖြင့် ၀င်ကောက်ရာမှဓါတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ဝဲလက်ဖ၀ါး၊လက်မောင်းနှင့်လက်ဖျံနှင့် ခါး တို့ တွင် မီးကျွမ်းဒဏ်ရာများရရှိပြီး လှိုင်သာယာ ဆေးရုံ တွင်(မစိုးရိမ်) အတွင်းလူနာ ဖြင့်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။


“ဓါတ်လိုက်တယ် ဆိုတာကလည်းသူကဘောလုံးကိုဝင်ကောက်တာ၊ပထမခြံဝင်းတံခါးကိုကျော်လိုက်တယ်။ထရန်စဖော်မာ ကို နှစ်ထပ်ကာထားတဲ့ အ၀န်းဝိုင်းထဲ ၀င်ကောက်တာ၊အပြင်ကတစ်ထပ်ကသော့ခတ်ထားတော့ထပ်ကျော်တယ်။အဲ့ကနေနောက်အတွင်းစည်းထဲကိုထပ်ထဲဝင်ကောက်တော့ဖြစ်သွားတာပါ။” ဟု လှိုင်သာယာမြို့နယ်၊ အလုပ်သမား ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မြင့်လွင်ကပြောသည်။


အလုပ်သမားများစက်ရုံရှေ့ဆန္ဒထုတ်ဖေါ်ခြင်းမှာ ဇန်န၀ါရီ ၁၈ရက်ကအလုပ်ရှင်မှ အော်ဒါရရှိမှုနည်းပါးသဖြင့် အလုပ်သမား(၆၀)ဦးခန့်ကို လျှော့ချရန်စီစဉ်ထားပြီး ကနဦးအနေဖြင့် အလုပ်သမား(၁၃)ဦးကိုအင်အားလျှော့ချခြင်းကို အလုပ် သမားများကိုကျေနပ်မှုမရှိသောကြောင့်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
စက်ရုံရှေ့ ဆန္ဒထုတ်ဖေါ်သည့် အလုပ်သမား တစ်ဦး ဓါတ်လိုက်ခံရ စက်ရုံရှေ့ ဆန္ဒထုတ်ဖေါ်သည့် အလုပ်သမား တစ်ဦး ဓါတ်လိုက်ခံရ Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.