ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းနေအိမ် မီးလောင်မှုဖြစ်ပွား


ဟားခါး ဇန်နဝါရီ ၉

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းနေအိမ်၌ ဇန်နဝါရီ ၈ ရက် ည ၈ နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းဝန်ထမ်းနေအိမ် အိမ်အမှတ်(၁၅/က)တွင် နေထိုင်သူ ဦးချစ်ကိုကိုလွင် (ဦးစီးအရာရှိ)နေအိမ်၌ လူမရှိပဲ လျှပ်စစ်ရေနွေးအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ ကြောင်း၊ မီးလောင်ရာနေရာသို့ သတင်းရလျှင်ရခြင်း ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်အပါအဝင် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ တပ်ဖွဲ့ဝင် (၂၅)ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၈ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ယင်းမီးလောင်မှုကြောင့် ဝန်ထမ်းနေအိမ် (၂၀×၁၄)ပေရှိ ပျဉ်ခင်း၊ပျဉ်ကာ၊ သွပ်မိုး(တစ်ထပ်) လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ်-၁၅၀၀၀၀/-ခန့်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် မီးလောင်မှုတွင် လိုင်းခန်းနေတာဝန်ရှိသူဦးချစ်ကိုကိုလွင်အား ဟားခါးမြို့မရဲစခန်းမှ ပြစ်မှုအမှတ်(ပ)၅/၂၀၁၈၊ ပြစ်မှုဆိုင်ရာပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးခရိုင် (ပြန်/ဆက်)
ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းနေအိမ် မီးလောင်မှုဖြစ်ပွား ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းနေအိမ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.