တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းဂိတ်အနီးရှိ ကားရေဆေးခုံတွင် ရေမဆေးသည့် ကားများအား ငွေကြေးကောက်ခံမှု မပြုရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြောကြား


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်တော်ခမ်းဂိတ်အနီး ကားရေဆေး ခုံတွင် ရေမဆေးသည့် ယာဉ်များအား ငွေကြေးကောက်ခံမှု မပြုရန် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်မှ ကျိုင်းတုံမြို့၊ ပြည်နယ်စစ်မှုထမ်းဟောင်း ကြီး ကြပ်မှုကော်မတီသို့ ပြောကြားခဲ့သည် ဟု သိရသည်။

''စစ်မှုထမ်းဟောင်း အကြောင်း ပြပြီး လာသမျှကားတွေဆီမှာ ရေမ ဆေးဘဲ အတင်းငွေတောင်းနေတာ၊ မိုင်းဆတ်ဘက် လူထုနဲ့တွေ့ဆုံတဲ့ ခရီး စဉ်မှာ ရေမဆေး၊ ငွေမပေးရင် ဟောက် တယ်ပြောလို့ ကျိုင်းတုံပြည်နယ် စစ်မှု ထမ်းဟောင်း ကြီးကြပ်မှုကော်မတီက တာဝန်ရှိသူကို ပြောကြားခဲ့တယ်။ လိုင် စင်လည်း မရှိဘူးလို့ သိရတယ်။ လူထု အခက်အခဲဖြစ်အောင် လုပ်တဲ့လုပ်ငန်း မျိုးကို ဆက်လက်ခွင့်ပြုဖို့ မသင့်ဘူး'' ဟု တာချီလိတ်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြော သည်။

အဆိုပါ ရေဆေးခုံမှာ တာချီလိတ် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အ ကျိုးတူ လုပ်ဆောင်နေခြင်းဖြစ်ပြီး တစ် လကျပ် ၃ သိန်း ရရှိသည်ဟု သိရှိရ ကြောင်း ရေဆေးခုံမှာ စည်ပင်နယ်နိ မိတ်အတွင်း ပါဝင်ခြင်းမရှိသည့် အပြင် လုပ်ငန်းလိုင်စင် ချထားပေးခြင်းလည်း မရှိကြောင်း ¤င်းမှ ဆက်လက်ပြောကြား ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ လွယ်တော်ခမ်း ကားရေဆေးခုံ၊ အကျိုး တူ လုပ်ငန်း ကားအမျိုးအစားအလိုက် ရေဆေးခများ ကောက်ခံရန် သတ်မှတ် ထားပြီးဖြစ်ရာ ယခုအခါ ရေဆေးခုံ ငွေကြေးကောက်ခံရာတွင် ရေမဆေး သော မော်တော်ယာဉ်များထံမှ ငွေ ကြေးကောက်ခံခြင်း မပြုရန် ညွှန်ကြား စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

''အဲဒီရေဆေးခုံက ဟိုးမြို့ပတ်လမ်းခွဲအထိ လာကောက်တယ်၊ မပေး မနေရ ပုံစံမျိုးနဲ့ပါ။ တချို့လည်း မပေးဘူး၊ အများစုကတော့ ပေးကြပါတယ်။ ရေမဆေးဘဲ ငွေပေးရတာတော့ မ ကောင်းပါဘူး။ ဆန္ဒမရှိဘဲ အတင်းရေ ဆေးခိုင်းခြင်း မပြုရန် ဆိုတဲ့အချက် လေးပါ ထည့်ပေးစေချင်တယ်။ မိုင်းတုံ မိုင်းဆတ်က ကားတွေအားလုံးလိုလို ပေးခဲ့ကြရတာ ကြာပါပြီ။ မြို့သာယာ လှပရေး အကြောင်းပြပေမယ့် လူထု အတွက်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေနေ တယ်''ဟု မိုင်းတုံမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအောင်ကျော် ဦးက ဆိုသည်။

ယင်းရေးဆေးခုံမှ နှုန်းထားများမှာ ၁ဝ ဘီး ကားကြီး ၁၁ဝ ဘတ်၊ ၆ ဘီး ၈ဝ ဘတ်၊ မှန်လုံ ၈ဝ ဘတ်၊ ဟိုင်း လတ် ၆ဝ ဘတ်၊ ဗင်ကား ၅ဝ ဘတ်၊ ဆိုင်ကယ် ၂ဝ ဘတ်တို့ဖြစ်ပြီး တာချီ လိတ်မြို့နယ် စစ်မှုထမ်းဟောင်း ရေ ဆေးခုံ ခေါင်းစဉ်အောက်တွင် မြို့သန့် ရှင်းသာယာလှပရေး အတွက် သင့်မော် တော်ယာဉ်အား ရေဆေးခုံတွင် သန့် ရှင်းအောင် ရေဆေးဆောင်ရွက်ပြီးမှ မြို့တွင်းသို့ ဝင်ရောက်ပါ။ မြို့သာယာ လှပရေးဟု ဆိုင်းဘုတ်ချိတ်ဆွဲဖော်ပြ ထားသည်။

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
Kanbawza Tai News
http://www.kanbawzatainews.com
တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းဂိတ်အနီးရှိ ကားရေဆေးခုံတွင် ရေမဆေးသည့် ကားများအား ငွေကြေးကောက်ခံမှု မပြုရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြောကြား  တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းဂိတ်အနီးရှိ ကားရေဆေးခုံတွင် ရေမဆေးသည့် ကားများအား ငွေကြေးကောက်ခံမှု မပြုရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပြောကြား Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.