နိုင်ဂျီးရီးယားနိုင်ငံ Rivers ပြည်နယ်မှာ ဇန်န၀ါရီလ(၁)ရက်နေ့က သန်းခေါင်ယံဆုတောင်းပွဲကနေပြန်လာတဲ့ ခရစ်ယာန်ဝတ်ပြုသူ(၁၄)ဦးထက်မနည်းကို သေနတ်သမားတွေကပစ်သတ်ခဲ့တယ်လို့ ရဲတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အခုလိုရေနံကြွယ်ဝတဲ့ဒေသမှာ နောက်ဆုံး အကြမ်းဖက်မှုဖြစ်ပါတယ်။ ရေနံအဓိက ထွက်ရှိတဲ့ Port Harcourt (ပို့တ်ဟာကုတ်)တောင်ဘက် ကီလိုမီတာ(၉၀)အကွာ
ရှိ Omoku(အိုမိုကူု) မြို့မှာ ဇန်န၀ါရီလ(၁)ရက်နေ့ ည(၁၂)နာရီ မိနစ်(၃၀)ခန့်မှာ ၀တ်ပြုဆုတောင်းသူအဖွဲ့တစ်ဖွဲ့ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့သေဆုံးသူတစ်ဦးရဲ့ဆွေမျိုးဖြစ်သူ Ugochi Olugbo (အူဂိုချီအိုလပ်ဘို)ကပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာတင် လူ(၁၄) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ(၁၂)ဦးကိုဆေးကုပေးဖို့အတွက်ဆေးရုံကို အပြေးအလွှား ပို့ဆောင်ပေးခဲ့ရကြောင်း အမည်မဖော်လိုသူရဲတစ်ဦးကပြောပါတယ်။ ရဲမှူး Ahmed Zaki(အာမက်ဇာကီ)က အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမားတွေကိုလိုက်လံရှာဖွေနေပြီး၊ သူတို့အားလုံးအဖမ်းခံရပြီး၊ တရားစွဲခံရမှာဖြစ်ပါတယ်။
ရေနံကြွယ်ဝပေမယ့်လည်း ဆင်းရဲတဲ့ဒေသတစ်ခုဖြစ်တဲ့ Rivers ပြည်နယ်မှာ အင်အားကြီး
လူဆိုးဂိုဏ်းတစ်ချို့ရှိနေတာကြောင့် အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့နေရာဖြစ်ကြောင်း ဇန်န၀ါရီလ(၂)ရက်နေ့ AFP သတင်းမှာဖော်ပြထားပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
နိုင်ဂျီးရီးယားမှာ ခရစ္စယာန်ဝတ်ပြုသူ(၁၄)ဦးကို သေနတ်သမားတွေက ပစ်သတ်
Reviewed by THITHTOOLWIN
on
22:18
Rating:
