ဇန်နဝါရီ ၃
တပ်ကုန်းရပ်ကွက် ထင်းစည်းချိုး ရုပ်တု အဝိုင်းပတ်တွင် ဇန်နဝါရီ ၂ ရက်နေ့ ည ၈နာရီခန့်က လုယက်မှုတစ်ခု ဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။
"မြစ်ဆုံရွှေမှော်ကနေ အလုပ်လုပ်ပြီး ကားနဲ့ ပြန်လာတာ အိမ်က ဝိုင်းမော်မှာဆိုတော့ အဲဒီလမ်းဆုံမှာ ဆင်းပြီးလမ်းလျှောက်နေတဲ့အချိန် အနောက်ကနေ တုတ်နဲ့ရိုက်ပြီး လုသွားတာ” ဟု လုယက်ခံရသူ ကိုခေါင်လွမ်းက ပြောသည်။
အဆိုပါ လုယက်ခံရမှုကြောင့် ငွေ တစ်သိန်း နှစ်သောင်းခန့်နှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းပါ လုယက်ခံခဲ့ရကြောင်း သိရသည်။
လုယက်သူများမှာ ကချင်တိုင်းရင်းသားများဖြစ်ပြီး လူမျိုးအချင်းချင်း ရိုင်းပင်းကူညီရမည့်အစား ယခုကဲ့သို့ လုပ်ရပ်များ ကျူးလွန်းခဲ့ကြသည့်အတွက် အလွန်ပင် စိတ်မကောင်းမိကြောင်း ကိုဒေါင်းလွမ်း၏ ဖခင် ဦးဇော်ဒေါင်က ပြောသည်။
"လူငယ် လေးယောက်လောက် ရှိတယ်။ ကချင်စကားပြောကြတယ်လို့ သားကပြောတယ်။ ကချင်အချင်းချင်းကို ဒီလိုလုပ်တာ တကယ်ကို စိတ်မကောင်းဘူး၊ ဦးလေးသားက အခု နားကနေ သွေးတွေထွက်ပြီ နားသိပ်မကြားတော့ဘူးဖြစ်နေတယ်” ဟု ဦးဇော်ဒေါင်က ပြောသည်။
အဆိုပါ လုယက်ခံရမှုအတွက် ရဲစခန်းတွင် ဇန်နဝါရီ ၃ ရက်နေ့ နေ့လည်က အမှုဖွင့်ထားကြောင်း သိရသည်။
ဆလိုင်း
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တပ်ကုန်း ရပ်ကွက်တွင် လူငယ်တစ်ဦး လုယက်ခံရ
Reviewed by THITHTOOLWIN
on
11:45
Rating:
