အင်းဒင်သုသာန်အလောင်းတွေ့မှု ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့လက်ချက်ဖြစ်ဟု တပ်မတော်သတင်း ထုတ်ပြန်

အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ရခိုင်မြောက်ပိုင်း အင်းဒင်ကျေးရွာသုသာန်မှာ မြုပ်နှံထားတဲ့ အမည်မသိ ရုပ်အလောင်းတွေ ဟာ ဒေသခံကျေးရွာသားအချို့နဲ့လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တဲ့ ရုပ် အလောင်းတွေဖြစ်တယ်လို့ တပ်မတော်စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

အလောင်း ၁၀ လောင်းဟာ တပ်မတော်က ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ အကြမ်းဖက်သမားတွေဖြစ်ပြီး ၊ လုံခြုံရေးအခြေအနေ အရ ရဲဖက်ကို မလွှဲပြောင်းနိုင် တာကြောင့် သူတို့ကို သုသာန်ကိုခေါ်ဆောင်ပြီး သတ်ဖြတ်ဖို့ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂ ရက် မနက်ပိုင်း အင်ဒင်းကျေးရွာသုသာန်အရောက်မှာ နာကျည်းစိတ်နဲ့ လက်တုံ့ပြန်လိုတဲ့ ကျေးရွာသားသုံးဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီ ၁၀ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရဲ့ စစ်မေးချက်အရအဲဒီ ၁၀ဦးဟာ ကျေးရွာတွေမှာနေထိုင်စဉ် အကြမ်းဖက် လုပ်ငန်းမှာပါဝင်ဖို့ မော်လ၀ီဆရာတွေရဲ့စည်းရုံးခံခဲ့ရသူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ အင်ဒင်းကျေးရွာအနီးမှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ တပ်မတော်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်မှာ အင်းဒင်ကျေးရွာမှာ ရွာသားအချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ၀န်ခံတဲ့အတွက် တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်သလို၊ ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိပေမယ့် ကွပ်ကဲရန်တာဝန်ရှိသူတွေကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူသွားမယ်လို့ တပ်မတော်ကြေညာချက်မှာ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ