တယ်လီဖုန်းအင်တာနာ သံပိုက်လုံးထောင်ရာမှ လူ (၅) ဦး ဓာတ်လိုက်သေဆုံး


ဘားအံ - ဇန်န၀ါရီ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်၊ ဦးမောင်ပါး နေအိမ်တွင် ဇန်န၀ါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ နေအိမ်ဘေး သာမညရွာနှင့် ၀င်းစိန်ရွာကို ဆက်သွယ်ထားသော KV-660 ဓါတ်အားရှိ ဓါတ်ကြိုးပေါ် သို့ကျရောက်ပြီး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ ဦးမောင်ပါး(၅၉)နှစ်၊ ဇနီးဖြစ်သူ ဒေါ်စန်းရီအသက်(၅၆)နှစ်၊ သားဖြစ်သူကိုခွန်သိန်းဝင်း အသက်(၃၀)နှစ်၊ တူဖြစ်သူမိုးကျော်အသက်(၁၉)နှစ်၊ သမက်ဖြစ်သူ လခိုအသက်(၃၄)နှစ်(၅)ဦး တို့သည် လုံးပတ်(၂) လက်မ၊ အရှည်(၄၀)ပေ သံပိုက်လုံးနှင့် အရှည်(၅၀)ပေရှိ တယ်လီဖုန်း ဆက်သွယ်သည့်ကြိုးတပ်၊ တိုင်ထောင်ရာမှ နေအိမ်လမ်းဘေးရှိ KV-660 ဓါတ်အား လိုင်းကြိုးပေါ်သို့ ကျရောက်ပြီး (၅)ဦးလုံး နေရာတွင်ပင် ဓါတ်လိုက်သေဆုံး သွားကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒုနယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တယ်လီဖုန်းအင်တာနာ သံပိုက်လုံးထောင်ရာမှ လူ (၅) ဦး ဓာတ်လိုက်သေဆုံး တယ်လီဖုန်းအင်တာနာ သံပိုက်လုံးထောင်ရာမှ လူ (၅) ဦး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.