မိတ္ထီလာမြို့တွင် ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆင်မီးကျေးရွာမှာ ဇန်နဝါရီ(၁၁)ရက် နေ့လယ်က ကလေး(၃)ယောက်မိခင်တစ်ဦးဟာ ခင်ပွန်းနဲ့ စကားများပြီး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရဲစခန်းမှုခင်းမှတ်တမ်းအရ သိရပါတယ်။

ကလေးသုံးယောက်မိခင်ဟာ အဲဒီနေ့ နေ့လယ်(၁၂)နာရီခွဲခန့်မှာ ခင်ပွန်းဖြစ်သူနဲ့စကားများပြီး နေအိမ်နောက်ခန်းအတွင်းကိုတစ်ဦးတည်းဝင်သွားခဲ့ပြီးနေ့လယ်(၃)နာရီခန့်မှာ အခန်းအတွင်းက" ဒုန်း" ဆိုတဲ့အသံကြားလို့ ဝင်ကြည့်ရာမှာ ထုပ်တန်းမှာကြိုးချည်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လျက် သေဆုံးနေတာ ဖြစ်ပါတယ်။

 အဲဒီအမှုကို ဓမ္မတာအတိုင်းသေဆုံးတာဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နေပြီးမိတ္ထီလာမြို့အမှတ်(၃)နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၈)အရဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)က ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
မိတ္ထီလာမြို့တွင် ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား မိတ္ထီလာမြို့တွင် ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.