သောက်စားမူးယစ်ပြီး ဆဲဆိုကြိမ်းမောင်းရာမှ လူသတ်မှုဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ညောင်ဝိုင်းမြောက်ကျေးရွာမှာ ဇန်န၀ါရီ (၁၃) ရက် ည (၁၀)နာရီက သားဖြစ်သူက ဖခင်ကို အရက်သောက်စားမူးယစ်ပြီး ဆဲဆိုကြိမ်းမောင်းရာက ဖခင်ဖြစ်သူက တုတ်နဲ့ သားဖြစ်သူဦးခေါင်းကို ရိုက်ခဲ့ရာက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 သေဆုံးသူဟာ သပြေချောင်းကျေးရွာအုပ်စု၊ မဲဇလီစုကျေးရွာ နေထိုင်သူ အမျိုးသား(၁)ဦးဖြစ်ပြီး ညောင်ဝိုင်းမြောက်ကျေးရွာ ခြံဝန်းနေအိမ်ရှေ့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။ ရဲစခန်းတာဝန်ရှိသူတွေက ပတ်ဝန်းကျင်ကို မေးမြန်းရာမှာတော့ ဇန်န၀ါရီ (၁၃) ရက် ည (၁၀) နာရီမှာ ဖခင်ဖြစ်သူဟာ နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် သားအကြီးဆုံးဟာ အရက်သောက်စားမူးယစ်ကာ ရောက်ရှိလာတာကနေ ဖြစ်ပွားတာလို့ သိရပါတယ်။

 သောက်စားမူးယစ်လာပြီး ဖခင်ကို ဆဲဆိုကြိမ်းမောင်းနေလို့ ဖခင်က အနားက သစ်သားဒုတ်နဲ့ ဦးခေါင်းကို(၂) ချက်ဆင့်ရိုက်ခဲ့တာကြောင့် သားဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အမှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကို ညောင်တုန်းမြို့မရဲစခန်းက အမှုအမှတ်၊ (ပ)၂၀/၂၀၁၈၊ ပုဒ်မ၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝဠာနိုင်(ညောင်တုန်း)က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
သောက်စားမူးယစ်ပြီး ဆဲဆိုကြိမ်းမောင်းရာမှ လူသတ်မှုဖြစ်ပွား သောက်စားမူးယစ်ပြီး ဆဲဆိုကြိမ်းမောင်းရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.