အငှားဆိုင်ကယ်သမားကို ရုပ်သံရိုက်ပေးဘို့ အကူညီတောင်းပြီး မြစ်ထဲခုန်ချ သတ်သေသွားသူ


ဒီဇင်ဘာလ ၂ရက်နေ့ နံနက် နှစ်နာရီအချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ အမျိုးသမီးငယ်တဦးဟာ ဆိုင်ကယ်ကယ်ရီသမားကို ဘတ်ငွေ ၅၀၀နဲ့ ဌားပြီး ရာမာ (၈) တံတားကြီးပေါ်ကိုလိုက်ပို့ ခိုင်းခဲ့ပါတယ်၊ တံတားပေါ်ရောက်တဲ့အခါမှာ သူမကို ဆယ်ဖီ ရုပ်သံရိုက်ပေးဘို့ အကူညီတောင်းခဲ့တာကြောင့် ဆိုင်ကယ်သမားကလည်း သူမအလိုအတိုင်း ဆယ်ဖီ ရိုက်ပေးနေတုံး သူမဟာ တံတားပေါ်ကနေ မြစ်ထဲခုန်ချသွားခဲ့ပါတယ်။


နစ်တရာ အသက် ၁၈ နှစ်ဟာ ရနောင်းမြို့ က နေ ဘန်ကောက်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိဘတွေသေဆုံးသွားပြီဖြစ်ပါတယ် ၊ ချစ်သူအမျိုးသားနဲ့ အတူ နေထိုင်နေစဉ်မှာ ရီးစားပြစ်ခွာသွားခဲ့လို့  အသဲကွဲပြီး ခုလို မိမိကိုယ်သတ်သေသွားခဲ့တာလို့  သိရပါတယ်။

ဘာမှမသိတဲ့ အငှားဆိုင်ကယ်သမားကတော့ သူမ ဘတ်ငွေ ၅၀၀ပေးပြီး တံတားပေါ်ပို့ ပေးခိုင်းခဲ့တယ်၊ နောက်တော့သူငယ်ချင်အဖြစ်နေပေးပါလို့ တောင်းဆိုတာကြောင့် သူမနဲ့ အတူနေပေးရင်း ခုလို ဖြစ်ခဲ့တာပါ ၊သူမရိုက်ခိုင်းတဲ့ရုပ်သံဟာ တိုက်ရိုက်ပြနေတဲ့ ရုပ်သံဖြစ်နေမှန်း သူအနေနဲ့  အမှန်တကယ်မသိခဲ့ပါဘူးလို့  လို့ ရဲစခန်းမှာထွက်ဆိုသွားခဲ့ပါတယ်။

Social Action for Children and Women - SAW
အငှားဆိုင်ကယ်သမားကို ရုပ်သံရိုက်ပေးဘို့ အကူညီတောင်းပြီး မြစ်ထဲခုန်ချ သတ်သေသွားသူ အငှားဆိုင်ကယ်သမားကို ရုပ်သံရိုက်ပေးဘို့ အကူညီတောင်းပြီး မြစ်ထဲခုန်ချ သတ်သေသွားသူ Reviewed by THITHTOOLWIN on 06:05 Rating: 5
Powered by Blogger.