ကက်ရှ်မီးယားဒေသ ပစ်ခတ်မှုတွေကြောင့် ၅ ဦးသေဆုံး


ဟိမ၀န္တာတောင်တန်းက အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပြိုင်ဖက်တပ်ဖွဲ့ဝင်တွေ ဟာ မနေ့က တတိယနေ့အဖြစ် ရွာတွေနဲ့ နယ်ခြားစခန်းတွေကို မော်တာနဲ့ ပစ်ကြခတ်ကြလို့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံရဲ့ ရန်မငြိမ်းတဲ့နယ်စပ်တလျှောက် ပိုလို့တင်းမာနေပါတယ်။

အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ အရပ်သား နှစ်ယောက်၊ စစ်သားတယောက်နဲ့ ပြည်သူ့စစ်တယောက် သေဆုံးပြီး အနည်းဆုံး အရပ်သား ၂၄ ယောက်နဲ့ စစ်သားနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်တာဝန်ရှိသူတွေကတော့ အိန္ဒိယဘက်ကပစ်ခတ်လို့ သူ့နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်က Sialkot မှာအရပ်သားတယောက်သေဆုံးပြီး လူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ပြောပါတယ်။

မနေ့ညနေမှာတော့ နေရာအများစုမှာတိုက်ပွဲတွေ ရပ်တန့်သွားပေမဲ့ စခန်း ၆ ခုလောက်မှာ ဆက်လက်ပစ်ခတ်နေတုန်းပဲလို့ အိန္ဒိယနယ်ခြားစောင့်တပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

သောကြာနေ့မနက်စောစောကစပြီး ရွာတဒါဇင်ကျော်အပေါ် မော်တာကျည်ခွံတွေကျရောက်လာလို့ လူတွေကို သယ်ထုတ်ဖို့ အာဏာပိုင်တွေက ကျည်ဒဏ်ခံယာဉ်တွေ ဖြန့်ပေးတယ်လို့ အိန္ဒိယရဲအရာရှိတယောက်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကက်ရှ်မီးယားဒေသ ပစ်ခတ်မှုတွေကြောင့် ၅ ဦးသေဆုံး ကက်ရှ်မီးယားဒေသ ပစ်ခတ်မှုတွေကြောင့် ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 08:28 Rating: 5
Powered by Blogger.