ဒေသန္တရလက်လုပ်မိုင်း ၅ လုံး တွေ့ရှိ

မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း ၅ လုံး တွေ့ရှိ
နေပြည်တော် ၊ ဇန်န၀ါရီ - ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာ၌ နေထိုင်သူ ဦးစိန်ရွှေလှိုင် သည် ဇန်န၀ါရီလ ၇ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ၎င်းတောင်ယာအနီး၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းပေးပို့မှုကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မိုင်းရှင်းလင်းစဉ် ဒေသန္တရလက်လုပ်မိုင်း ၅ လုံး တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။


အဆိုပါ ကျေးရွာ၏ အရှေ့ ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ ချုံပုတ် အတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသည့် အလျား ၁၀ လက်မ၊ အချင်း ၁ လက်မ ခွဲခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော ရီမုလက်လုပ်မိုင်း ၁ လုံး၊ အလျား ၁၀ လက်မ၊ အချင်း ၁ လက်မခွဲခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ရှော့တိုက်မိုင်း ၃ လုံးနှင့် အလျား ၈ လက်မ ၊ အချင်း ၅ လက်မခန့်ရှိ ကားပင်စတင်ဖြင့် ပြုလုပ်ထားသော လက်လုပ် ရှော့တိုက်မိုင်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သစ်ထူးလွင်
ဒေသန္တရလက်လုပ်မိုင်း ၅ လုံး တွေ့ရှိ  ဒေသန္တရလက်လုပ်မိုင်း ၅ လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.