အီရန်နိုင်ငံ ဆန္ဒပြသူ လူ ၂၀၀ ကျော်ကို ဖမ်းစီး၊ လူမှုကွန်ရက် ပိတ်


အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး နိုင်ငံကို ဦးဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ရဲရဲဝံ့ဝံ့စိန်ခေါ်နေတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက စတင်ဖြိုခွင်းနေပါတယ်။

အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ ရဲတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ပက်ပြီး ဆန္ဒပြသူကို လူစုခွဲခဲ့သလို လူ၂၀၀ကျော်ကို ဖမ်းစီးလိုက်ပါတယ်။ ဖမ်းလိုက်သူတွေထဲမှာ ခေါင်းဆောင် ၄၀ ပါဝင်တယ်လို့ တီဟိရန်မြို့ ဒုတိယမြို့တော်ဝန်ကပြောတယ်လို့ ILNA သတင်းမှာ ဖေါ်ပြပါတယ်။

သူက ပြည်ပရောက် အတိုက်အခံတွေက သွေးထိုးပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။ online ပေါ်မှာမြင်ရတဲ့ ဗီဒီယိုတွေအရ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ နိုင်ငံအနောက်ပိုင်းကမြို့တွေမှာ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေပါတယ်။ လတ်တလောမှာ အီရန်နိုင်ငံအတွင်း လူမှုရေးစာမျက်နှာတွေကို သုံးလို့မရအောင် အာဏာပိုင်တွေက ပိတ်ထားပါတယ်။

ဆန္ဒပြပွဲတွေဟာ နိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းများနဲ့ ခြစားမှုများအပြင် ရွေးချယ်တင် မြောက်ခံမဟုတ်တဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို အာခံနေတာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ၂၀၀၉ခုနှစ်က စပြီး အစ္စလန်ဘာသာရေးခေါင်းဆောင်တွေက ဘာသာရေးဥပဒေတွေနဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အီရန်နိုင်ငံ ဆန္ဒပြသူ လူ ၂၀၀ ကျော်ကို ဖမ်းစီး၊ လူမှုကွန်ရက် ပိတ် အီရန်နိုင်ငံ ဆန္ဒပြသူ လူ ၂၀၀ ကျော်ကို ဖမ်းစီး၊ လူမှုကွန်ရက် ပိတ် Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.