အသက်(၇၇)နှစ်အရွယ်အဖွားအို တစ်ဦးအား သတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းဆီးမိ

သာကေတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အသက်(၇၇)နှစ်အရွယ်အဖွားအို တစ်ဦးအား သတ်သည့် အမှုမှု ပြစ်မှုကျူးလွန်သူ အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ ၄ / မြောက်ရပ်ကွက်ရှိ
တိုက် ၁၆၆ ၊ (၃) လွှာတွင် နေထိုင်သူ ဒေါ်သန်းသန်း (၇၇) နှစ်အား
သတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသည့် အမှုမှ
ပြစ်မှုကျူးလွန် သူ သန်းထွန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က သာကေတ
မြို့နယ်၊ ၄/မြောက်ရပ်ကွက် တိုက် ၁၆၆၊ ၄ လွှာနေ ဦးဖုန်းမြင့်နိုင် (ခ)
ကိုဖုန်းသည် ပန်းရံ အလုပ်လုပ်ရန် နေအိမ်တိုက်ခန်းမှ ဆင်းလာစဉ် ၃လွှာ
နေ မိခင် ဖြစ်သူ ဒေါ်သန်းသန်း ( ၇၇) နှစ်မှာ ထမင်းဟင်း ချက်ပြုတ်နေ
သည်ကို တွေ့ရပြီး နေ့လည် ၁၂၁၅ အချိန်တွင် ထမင်းစားရန် မိခင်နေထိုင်
သည့် ၃ လွှာတိုက်ခန်းသို့ ရောက်ရှိစဉ် နေအိမ်ခန်းအတွင်းတွင် မိခင်ဖြစ်သူ
မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေပြီး မိခင်
ဝတ်ဆင်ထားသော ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၂ ကွင်းနှင့်
ခြယ် နားကပ် ၁ ရံ ၊ စုစုပေါင်းတန်းဖိုး ၈ သိန်းကျပ်ခန့် ပျောက်ဆုံးနေသဖြင့်
သာကေတမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ (ပ) ၂၄ / ၂၀၁၈ ၊ ရာဇသတ်ကြီး
ပုဒ်မ ၃၀၂ / ၃၉၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


အမှုမှ တရားခံ အမြန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးက အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော အထူးအမှုစစ်
အဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အခင်းဖြစ်ရပ်တွင် တွေ့ရှိသော
သဲလွန်စများကို အထောက်အထားပြု၍ ပြစ်မှုကျူးလွန်သူ တရားခံအား
ဆက်စပ်ဖော်ထုတ်သွားရန် ညွှန်ကြား ခဲ့ပြီး အထူးအမှုစစ်အဖွဲ့မှ
အခင်းဖြစ်အရပ်အား အသေးစိတ် စစ်ဆေးခဲ့ရာ အခင်းဖြစ်ရပ်တွင်
အသွား ၅ လက်မ အရိုး ၃ လက်မခွဲခန့်ရှိ သွေးစွန်းနေသည့် စတီဓား
၁ ချောင်း၊ သွေးများစွန်းပေနေသည့်အဖြူရောင်ပေါ်တွင် အပြာစင်းပါရှိသည့်
ရှပ်အင်္ကျီလက်တို ၁ ထည်၊ ရွှေရောင်မောင်းကွင်းလက်စွပ် ၁ ကွင်းနှင့်
အခြားသဲလွန်စ သက်သေခံ အထောက်အထားများကိုတွေ့ရှိ သိမ်းဆည်း
ရရှိခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်တွင် တွေ့ရှိသည့် အပြာရောင်အစင်းပါ
ရှပ်အင်္ကျီနှင့် စပ်လျဉ်း၍ သေဆုံးသူ၏ ဆွေမျိုးသားချင်းများနှင့် အခင်းဖြစ်
ဆောက်လုပ်ဆဲတိုက်တွင် အလုပ်လုပ်သည့် အလုပ်သမားများ ဝတ်ဆင်
သည့် အင်္ကျီ ဟုတ်/ မဟုတ်စိစစ်ခဲ့ရာ မဟုတ်ကြောင်း စုံစမ်းသိရှိရသဖြင့်
အဆိုပါ အင်္ကျီပိုင်ရှင်အား ဆက်လက်စုံစမ်းခဲ့ရာ သာကေတမြို့နယ်၊ အမှတ်
၃ ဈေးအနီးတွင် ဂိတ်ထိုးသည့် ဆိုက်ကားနင်းသူ သန်းထွန်းနိုင်(ခ)
ကျောင်းသား၏ အင်္ကျီဖြစ်ကြောင်း၊ သေဆုံးသူအား ဈေးသွား/ဈေးပြန်တွင်
ဆိုက်ကားဖြင့် လိုက်ပို့လေ့ရှိကြောင်း သိရှိရသည့်အပြင် အခင်းဖြစ်ရပ်ကွက်
၊ အောင်ဇေယျလမ်းရှိ CCTV မှတ်တမ်းတွင်လည်း အခင်းဖြစ်နေ့က
သန်းထွန်းနိုင်(ခ) ကျောင်းသားမှာ အဆိုပါအင်္ကျီကို ဝတ်ဆင်၍
ဆိုက်ကားနင်းနေသည့် မှတ်တမ်းရရှိခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့မှ သန်းထွန်းနိုင် (ခ) ကျောင်းသားအား ဖမ်းဆီးရမိရေး
အတွက် ၄င်းနေထိုင်သည့် သာကေတမြို့နယ်၊ ၄ / တောင်ရပ်ကွက်
ကျောင်းလမ်း၊ မ / ၄၉၉ သို့ သွားရောက်စုံစမ်းခဲ့ရာ နေအိမ်တွင် မရှိသဖြင့်
လိုက်လံရှာဖွေစဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင်
သန်းထွန်းနိုင် (ခ) ကျောင်းသား(၄၁)နှစ် အား အမှတ် ၃ ဈေးအနီးတွင်
ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ သန်းထွန်းနိုင် (ခ) ကျောင်းသား၏ ထွက်ဆိုချက်အရ
ဈေးထိပ်တွင် ဆိုက်ကားနင်းသည့် အလုပ် လုပ်ကိုင်နေစဉ် လွန်ခဲ့သော ၁
လခန့်က သေဆုံးသူ ဒေါ်သန်းသန်းမှ ဆိုက်ကား ငှားစီးရာမှ ရင်းနှီးခဲ့
ကြောင်း၊ ဒေါ်သန်းသန်းနေထိုင်သည့် တိုက်ခန်းကိုလည်း ပြောပြသိရှိခဲ့
ကြောင်း၊ အခင်းဖြစ်နေ့နံနက် ၇ နာရီအချိန်ခန့်က ဆိုက်ကားဖြင့် ခရီးသည်
ပို့ပြီးအပြန်တွင် ဒေါ်သန်းသန်းအား ၄င်း၏တိုက်ခန်းရှေ့တွင် တွေ့ရပြီး
ဈေးဝယ်သွားရန် ဆိုက်ကားငှားရမ်းခဲ့သဖြင့် ဈေးသို့ပို့ပေးခဲ့ကြောင်းသိရ
သည်။

သန်းထွန်းနိုင် (ခ) ကျောင်းသားမှာ နေ့ပြန်ကြွေးများနှင့် ပေးဆပ်ရန်
အကြွေးများ ၃ သိန်းကျော်ရှိသဖြင့် ဒေါ်သန်းသန်းဝတ်ဆင်ထားသော
ရွှေထည်လက်ဝတ်ပစ္စည်းများကို လုယူရန် အကြံပေါ်ခဲ့ပြီး နံနက် ၁၁
နာရီအချိန်တွင် ဒေါ်သန်းသန်းနေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊
ဆောက်လက်စ တိုက်ဖြစ်သဖြင့် ဒေါ်သန်းသန်းနေအိမ်မှာ
တံခါးရွက်များမတပ်ဆင်ရသေး၍ အိမ်ထဲသို့ဝင်ရောက်ခဲ့စဉ် ဒေါ်သန်းသန်း
မှာ အိပ်ပျော်နေကြောင်း၊ မီးဖိုချောင်ထဲမှ ပန်းကန်စင်ပေါ်ရှိ စတီးဓားကိုယူ
ကာ ဒေါ်သန်းသန်း၏ လည်ပင်း၊ ဦးခေါင်းနှင့် မျက်နှာတို့အား ဓားဖြင့်ထိုး
ခဲ့ပြီး ဒေါ်သန်းသန်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို ချွတ်ယူခဲ့ကြောင်း၊
၎င်းဝတ်ဆင်ထားသည့် အင်္ကျီတွင်သွေးများပေကျံနေသဖြင့် အခင်းဖြစ်နေရာ
ရှိ ရေပုန်းထဲတွင်ထည့်ထားခဲ့ကြောင်း၊ လုယက်ယူလာသည့် ရွှေဆွဲကြိုး
၁ ကုံးကို နဝလီအပေါင်ဆိုင်တွင် ရောင်းချခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့မှ သန်းထွန်းနိုင်(ခ)ကျောင်းသား လုယက်ယူဆောင်သွား
သည့် ရွှေဆွဲကြိုးကို ပြန်လည်သိမ်း ဆည်းရရှိခဲ့ပြီး တိုင်တန်းစဉ်က
လုယက်ယူဆောင်သွားသည်ဟု ဖော်ပြပါရှိသည့် လက်ကောက်နှင့်
နားကပ်မှာ အခင်းဖြစ်နေအိမ်ရှိ သေတ္တာအတွင်းမှ ပြန်လည်တွေ့ရှိသဖြင့်
လုယက်ရာတွင် ပါဆုံးခဲ့ခြင်းမရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား
ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
အသက်(၇၇)နှစ်အရွယ်အဖွားအို တစ်ဦးအား သတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းဆီးမိ အသက်(၇၇)နှစ်အရွယ်အဖွားအို  တစ်ဦးအား သတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.